" နင်နဲ့ငါကြားမှာ ဘာရန်ငြိုးမှမရှိခဲ့ဘူးလေ ဘာလို့လဲ ဘာလို့ငါ့ခေါင်းကို အခုလိုရိုက်ရတာလဲ"
ငိုနေသောမိန်းကလေးမှာ ခေါင်းကိုဖိထားရင်းနဲ့ သူ့ရှေ့ကကျောင်းသားကိုငိုရင်းမေးနေသည်။
မိန်းကလေးရဲ့မျက်နှာကိုကြည့်လိုက်တော့ အတွင်းရေးမှူးစုံစမ်းပေးလာသော အချက်အလက်များတွင်ပါနေသည့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသည်ဆိုသောမိန်းကလေးဖြစ်နေသည်။ အခုလိုကြည့်လည်း Hanni နဲ့တော်တော်တူနေတာဖြစ်သည်။ကျောင်းသားလက်ထဲမှာတော့ ဘေ့စ်ဘောတုတ်တံကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း လက်တို့ကတုန်ရီနေသည်။
" ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိပေမယ့် နင်မရှိမှ ငါအဆင်ပြေမယ့်တစ်ချို့ကိစ္စလေးတွေရှိနေသေးတယ်။
တောင်းပန်ပါတယ်အတန်းခေါင်းဆောင် "ထိုသို့ပြောလိုက်ရင်း ဘေ့စ်ဘောတုတ်နဲ့ ထိုမိန်းကလေးခေါင်းကိုနောက်တစ်ခါထပ်ရိုက်လိုက်တော့ ခွပ်ခနဲမြည်သံနဲ့အတူ မိန်းကလေးမှာ ခွေလဲကျသွားသည်။
ထို့နောက်ထိုကျောင်းသားက လဲကျနေသောမိန်းကလေးကို ပွေ့ယူပြီး ၆လွှာ ဝရန်တာမှ အောက်ဘက်သို့ ဇောက်ထိုးပစ်ချလိုက်တော့သည်။ပြီးနောက် ထိုကျောင်းသားလည်း အရေးပေါ်လှေကားကနေ တချိုးတည်းပြေးဆင်းသွားလေတော့သည်။
...ဒါဆို သတင်းတွေထဲကလို ကျောင်းသူကကိုယ့်ကိုယ်ကိုယ်သတ်သေတာမဟုတ်ဘံ အသတ်ခံလိုက်ရတာပေါ့
ခဏကြာမှ ဆူဆူညံညံအသံများဖြင့် ဆရာမနဲ့ကျောင်းသားကျောင်းသူတစ်ချို့ အခင်းဖြစ်ရာ ၆လွှာက ဝရန်တာဆီသို့ရောက်လာခဲ့သည်။
အားကစားဝတ်စုံများဝတ်ထားတာကြည့်ခြင်းအားဖြင့် ကာယချိန်ဖြစ်ကြောင်းသိလိုက်ရသည်။
အဲဒါကြောင့် စာသင်ခန်းတွေထဲမှာလူမရှိတာပဲ။ လူသတ်သမားက အတန်းရဲ့အချိန်ဇယားကိုသိနေသူဖြစ်ရမည်။
" ဒီကနေခုန်ချတာပဲ
ဖြစ်မှဖြစ်ရလေသမီးရယ် ဘာတွေများစိတ်ညစ်စရာတွေရှိနေခဲ့တာလဲ
အမြဲ တက်ကြွပြီး ပျော်ရွှင်နေတော့ဆရာမက သမီးအဆင်ပြေတယ်ပဲထင်နေခဲ့တာ
သမီးတာဝန်ကျေခဲ့ပါပြီ ကောင်းကောင်းအနားယူပါ ဟယ်ဂျောင်းရေ"
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...