နေရာမှာပြန်ထိုင်လိုက်သည့်တိုင် ကျွန်တော့်စိတ်တွေက ရှုပ်ထွေးလျက်ရှိသည်။
နီခီကကျွန်တော့်ကို ခွင့်မတောင်းဘဲနမ်းတာ ဒါနဲ့ဆိုနှစ်ခါမြောက်ရှိပြီ။ တဖြည်းဖြည်းနဲ့လည်းပိုပြီး ပိုင်ဆိုင်လိုစိတ်များလာသည်ကိုသတိထားမိသည်။
ဒီတစ်ခါလည်း တတ်နိုင်သလောက်ရုန်းကန်ခဲ့ပေမယ့်တကယ်တမ်းတော့ ငြင်းဆန်ဖို့အားမရှိသလို စိတ်လည်းမဆိုးမိတဲ့အပြင် အရင်တစ်ခါထက်ပင်သိသိသာသာရင်တွေခုန်နေတာမို့ ကိုယ့်ကိုယ်ကိုယ် အခြေအနေမဟန်မှန်းအနည်းငယ်ရိပ်မိလာသည်။
ဒါက လုံးဝမဖြစ်သင့်တဲ့ခံစားချက်ပဲ။
ကျွန်တော့်ခံစားချက်ကိုအလိုလိုက်ပြီး နီခီ့ဆီတိုးဝင်သွားမိရင် နီခီက ကျွတ်လွတ်ဖို့ကို ငြင်းဆိုပြီး ကောင်းမွန်တဲ့ဘဝကိုကူးပြောင်းမသွားဘဲ ကျွန်တော့်နားမှာ တစ်သက်လုံးရှိနေဖို့ရွေးချယ်မှာ ကျွန်တော်မလိုလားပေ။
ကျွန်တော့်စကားနားထောင်ပြီးသူကျွတ်လွတ်သွားရင်လည်း ကျွန်တော်ကအထီးကျန်စွာကျန်ရစ်ခဲ့ရဦးမယ့်အဖြစ်ကိုမြင်နေရတာမို့ ခံစားချက်တွေကိုတတ်နိုင်သမျှထိန်းချုပ်ပြီး အခုတည်းက ရှေ့ဆက်မတိုးတာအကောင်းဆုံးပင်။
"ဆောနူး ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား ကိုယ်ပြောတာကြားလား "
နီခီနဲ့ကျွန်တော့်အကြောင်းတွေးရင်း စိတ်တွေလွင့်ပျံနေမိတာ ဆောင်ဟွန်းhyungခေါ်နေတာကို တော်တော်နဲ့မကြားမိချေ။
" အော် hyung ကျွန်တော် အတွေးများသွားလို့ hyungပြောတာ မကြားလိုက်တာ "
" ဒီအတိုင်းခြေဦးတည့်ရာလျှောက်သွားနေလို့တော့မဖြစ်ဘူး နောက်တစ်ခါဂူမီဟိုတွေ့ရင် နောက်ကနေတိတ်တိတ်လေးလိုက်သွားပြီး စောင့်ကြည့်ရအောင်လို့ "
ဆောင်ဟွန်းhyungပြောတာမှန်သည်။ ဒီအတိုင်းခြေဦးတည့်ရာလျှောက်သွားနေလို့အဆင်မပြေ။
ဂျယ်ယွန်းဆီမြန်မြန်ရောက်ဖို့ ဆောင်ဟွန်းhyungပြောသလို ဂူမီဟိုတွေစုဝေးနေထိုင်တဲ့နေရာကိုရှာမှဖြစ်မည်။
YOU ARE READING
Blessed-Cursed
Horrorကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ္ဆေတွေကို ကျွတ်လွတ်အောင်လုပ်ဆောင်ပေးဖို့တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ဆရာဂျပန်ဘုန်းတော်ကြီးက ထူးဆန်းစွာပဲ...