Chapter 112

1.2K 175 4
                                        

Chapter 112

ကျယ်ယန်သည် သူ့ main weibo account သို့ပြန်ဝင်ကာ ချိုးရှင်း၏ပို့စ်အား like ပေးလိုက်သည်။ ထို့နောက် ချိုးရှင်းကိုဖုန်းခေါ်ကာ မေးလိုက်သည်။ “ ‘မယားကြောက်’ တဲ့လား?”

“......” ချိုးရှင်းသည် လေသံကိုတည်ငြိမ်အောင် ထိန်းလိုက်ကာ ပြောလိုက်သည်။ “ဒီတစ်ခါ တစ်ယောက်ယောက်က တမင်ပြဿနာရှာနေတာဖြစ်ရမယ်။ အဲ့ပေါက်ကရကိစ္စတွေ လိုက်ကြည့်မနေနဲ့။ ကိုယ်ဖြေရှင်းလိုက်မယ်။”

ကျယ်ယန်သည်လည်း တစ်စုံတစ်ယောက်က တမင်ကြိုးကိုင်နေသည်ဟုယုံကြည်သည်။ ထိုပုတ်ခတ်စကားများအားလုံးကို ဖြတ်သွားဖြတ်လာအကောင့်များမှ တင်ထားကြသော်လည်း ပြောထားသည့်စကားလုံးများမှာ အလွန်ကောင်းမွန်နေပြီး ကောလဟာလဖြန့်နေခြင်းမျိုးမဟုတ်ဘဲ လမ်းညွှန်နေသည့်သဘောသာဖြစ်ရာ အမြှီးကိုအမိဖမ်းနိုင်ဖို့ခက်လှသည်။ ထို့အပြင် ရေတပ်များ၏လက်ချက်ဖြစ်မှန်း သိသာနိုင်လောက်အောင် အတိုင်းအတာတစ်ခုအထိ ကြီးမားလာခဲ့သည်။

ထိုအခိုက် ကျယ်ယန် စိတ်အခြေအနေကောင်းမွန်သွားပြီး ၎င်းကိုကြားပြီးနောက် ပြန်တုန့်ပြန်လိုက်သည်။ “ကောင်းပြီ။ အဲ့ကိစ္စ ခင်ဗျားပဲဖြေရှင်းလိုက်ပါ။ ဒါပေမယ့် အဲ့မှတ်ချက်တွေကြောင့် ခင်ဗျားစိတ်တို​နေတာမျိုးတော့ ခွင့်မပြုဘူးနော်။”

ချိုးရှင်း ခပ်အုပ်အုပ်ရယ်လိုက်သည်။ “အဲ့လှည့်ကွက်လေးတွေလောက်နဲ့များ၊ ကိုယ့်ဒေါသနဲ့ ထိုက်တန်လို့လား?”

အရမ်းတွေ ကွန်ဖီးလ်ဒန့်ရှိနေပါ​ရောလား?

ကျယ်ယန် မျက်ခုံးပင့်လိုက်ကာ လုံးလုံးစိတ်အေးသွားသည်။ ထို့နောက် စကားအနည်းငယ် ပြောပြီး ဖုန်းချလိုက်သည်။

သိပ်မကြာခင်မှာပဲ ချိုးရှင်း၏ကိုင်တွယ်ပုံကို ကျယ်ယန်မြင်လိုက်ရသည်။

Hot search ပေါ်တွင် #စည်းကမ်းကြီးသော ချိုးရှင်း၏ခင်ပွန်း# ဟူသောသတင်း ရုတ်တရက်ပေါ်လာကာ #ကျယ်ယန် ပွေ့ဖက်မှုကိုတောင်းဆိုခြင်း# ဟူသောသတင်း၏အပေါ်ရောက်သွားသည်။ ချိုးရှင်း like ပေးထားသော weibo post နှင့် ချိုးရှင်းကိုယ်တိုင်တင်ထားသည့် weibo post တို့သည်လည်း hot ဖြစ်သွားကြကာ ယခင် weibo post ကို ဖိနှိပ်သွားတော့သည်။

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now