Chapter 113

1K 142 2
                                        

Chapter 113

နောက်တစ်နေ့ မနက် ၁၁ နာရီတွင် ကျယ်ယန်နှင့်ချိုးရှင်းတို့ B city လေဆိပ်သို့ ဆိုက်ရောက်လာပြီး နှစ်ယောက်သား စကားပြောရင်းဆိုရင်း ထွက်ပေါက်သို့ လျှောက်လာခဲ့ကြသည်။

“အားအားအား! ယန်ယန်ပဲ!”

“ကျယ်ယန်! ကျယ်ယန်!”

အော်သံဟစ်သံများ ရုတ်တရက် လေထုထဲ ပေါက်ကွဲထွက်လာသည်။ ကျယ်ယန် ရပ်လိုက်ပြီး အော်သံများထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်သောအခါ လေဆိပ်ထွက်ပေါက်အပြင်ဘက်တွင် ဖန်အုပ်ကြီးက ဆိုင်းဘုတ်များကိုင်ဆောင်လျက် ကြိုဆိုဟစ်ကြွေးနေကြသည်ကို တွေ့လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူပေါင်းများစွာရှိကြောင်း သိနိုင်လေသည်။

ကျယ်ယန် လှမ်းကြည့်လိုက်သည်ကို တွေ့ကြသောအခါ ဖန်များက ပိုမိုစိတ်လှုပ်ရှားသွားကြပြီး ကျယ်ယန်၏နာမည်အား ထပ်မံဟစ်ကြွေးကြပြန်သည်။ လူများစွာက သူတို့၏ ဖုန်းများကိုထုတ်ကာ ကျယ်ယန်အား ဓာတ်ပုံလှမ်းရိုက်ကြသည်။ 

ချိုးရှင်း မျက်မှောင်ကြုတ်သွားပြီး ကျယ်ယန်၏လက်ကို ချက်ချင်းဆွဲကာ ကျယ်ယန်အား သူ့နောက်သို့ပို့၍ကာလိုက်ရင်း မေးလိုက်သည်။ “မင်းရဲ့ ခရီးစဉ် ပေါက်ကြားသွားတာလား?”

ကျယ်ယန် သူ့မျက်နှာပေါ်ရှိ mask အား ဆွဲချလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ဖြစ်လောက်တယ်။”

နှစ်ယောက်သား စကားပြောနေစဉ် ဖန်များသည် ချိုးရှင်း၏တည်ရှိမှုအား သတိပြုမိသွားပြီး နောက်ထပ်ဟစ်ကြွေးသံများ ထပ်မံပေါက်ကွဲသွားပြန်သည်။ 

ဒီတိုင်းစကားဆက်ပြောနေ၍လည်း အဆင်မပြေတော့။ ဖန်များမှာ ရောက်ရှိနှင့်ပြီးဖြစ်သဖြင့် ပုန်းကွယ်ဖို့ကမဖြစ်နိုင်။ ထို့အပြင် ထွက်ပေါက်တွင် ဝန်းရံနေကြသည့်ဖန်များကြောင့် အမှန်တကယ်ပင် အခြားခရီးသည်များအပေါ် သက်ရောက်မှုဖြစ်သွားနိုင်သည်။

ကျယ်ယန် ချိုးရှင်း၏လက်အား ချော့မော့၍ ညှစ်လိုက်သည်။ ထို့နောက် mask ကို ချွတ်ကာ စိတ်လှုပ်ရှားနေသည့်ဖန်များအား တာ့တာပြလိုက်ပြီး သူ့လက်ကိုနှုတ်ခမ်းနားတေ့ကာ အခြားခရီးသည်များအား အနှောက်အယှက် မဖြစ်ရလေအောင် တိတ်တိတ်နေ​ကြရန် အချက်ပြလိုက်သည်။ 

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Tempat cerita menjadi hidup. Temukan sekarang