Chapter 111

1.3K 182 9
                                        

Chapter 111

ကျယ်ယန်၏ နှလုံးသားလေး လှုပ်ရှားသွားကာ ထပ်မေးလိုက်သည်။ “အနာဂါတ် ဒုဥက္ကဋ္ဌလောင်း?”

ချိုးရှင်း ကျယ်ယန်၏ နားရွက်လေးကို ညင်သာစွာ ပွတ်သပ်ကာ စနောက်သည့်အမူအရာဖြင့် မေးလိုက်သည်။ “ရုန်တင်းကို မလာချင်ဘူးလား?”

ကျယ်ယန် အမူအရာမဲစွာပြန်ဖြေလိုက်သည်။ “မလာချင်ပါဘူး။”

“.....”

ချိုးရှင်း မျက်မှောင်ကြုတ်ကာ ကျယ်ယန်အား ကြည့်လိုက်သည်။ 

ကျယ်ယန်က ချိုးရှင်း၏လက်ကိုဆွဲယူကာ အေးတိအေးစက် ပြောလိုက်သည်။ “ရှယ်ယာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းပါတနာတွေကို ကျေနပ်အောင်ဆိုပြီး ခင်ဗျား ပြည်ပကို လဝက်ကျော်ကျော်လောက်သွားရမှာမျိုး ကျွန်တော်တော့ မမြင်ချင်ပါဘူးနော်။”

ချိုးရှင်း မျက်ခုံးများ ပြေလျော့သွားပြီး ကျယ်ယန်၏ နားရွက်လေးကိုညှစ်လိုက်သည်။ ထို့နောက် သူ ကျယ်ယန်၏မျက်နှာလေးကို ညှစ်လိုက်ပြီး လက်​ပြန်ချကာ “အဲ့ဒီ့ဒုက္ခပေးလွန်းတဲ့ ရှယ်ယာရှင်တွေနဲ့ပတ်သက်ပြီး တစ်ခါလောက်ဖြေရှင်းရင်ကို လုံလောက်နေပါပြီ။ မင်းသာ အရမ်းအတွေးတွေများနေတာ။ စိတ်ချပါ။ အရင်​ဆုံး ကိုယ် မင်းအတွက် လစ်လပ်ရာထူးတစ်ခုစီစဉ်ပေးမယ်။ ကိုယ်မင်းကို train ပေးပြီးတော့မှ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ပေးမယ်လေ။”

ကျယ်ယန်သည် ချိုးရှင်းက သူ့အား အရုပ်တစ်ရုပ်ကဲ့သို့ လိုက်လံထိတွေ့နေသည်ကို ခွင့်ပြုထားလေသည်။ “ခင်ဗျားက ကျွန်တော့်ကို train ပေးမယ်?”

“အင်း” ချိုးရှင်းက ကျယ်ယန်၏ဆံပင်များအား ထပ်မံပွတ်သပ်လိုက်ပြီး သူ့(ချိုးရှင်း)အကြည့်များက ကျယ်ယန်၏ဆံပင်များပေါ် ကျရောက်သွားကာ သူ့အား တစ်မျိုးမျိုး ဆွဲဆောင်နေသည့်နှယ်။ သူ ကျယ်ယန်၏မျက်နှာအား မကြည့်ဘဲ ဆက်ပြောလိုက်သည်။ “နှောင်းပိုင်းကုသမှုအဆင့်တွေရောက်ရင် ကိုယ် ကုမ္ပဏီကို သွားနိုင်ချင်မှ သွားနိုင်တော့မှာ။ အဲ့အခါကျရင် မင်းက ကြည့်ရှုပေးထားရမှာလေ။ အခုကတည်းက ဖြည်းဖြည်းချင်း စထားရင် နောက်ပိုင်းကျ အရမ်းအလျင်မလို(အလုပ်မများ)တော့ဘူး​ပေါ့။ မင်း ကိုယ့်ကို ဒီတစ်ခုတော့ ကူညီပေးနိုင်မလား?”

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now