ဆ-5
🔹 ဘဝရဲ့ အရည်အသွေးကို ကိုယ်သုံးတဲ့ ပစ္စည်းကောင်းတွေနဲ့ တိုင်းတာလို့ မရဘူး။
ဘဝရဲ့ အရည်အသွေးကို ကိုယ့်ရဲ့ စိတ်နေသဘောထား၊ ကိုယ့်ရဲ့အသိဉာဏ် ရင့်ကျက်မှု၊ မြင့်မားမှု၊ ကိုယ့်ရဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ပဲတိုင်းတာလို့ရ တယ်။ပစ္စည်းနဲ့ တိုင်းတာတယ်ဆိုရင် အင်မတန် ရုပ်ဝါဒီဆန်လွန်းတယ်လို့ ဆိုရမှာပါ။
ကိုယ့်စိတ်ကလေးကို ကိုယ်‘သိ’ ပြီးတော့
ကိုယ့်ဟာကိုယ် သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင်ငြိမ်းငြိမ်းချမ်းချမ်းလေး နေသွားလို့ရှိရင်တနေ့တခြား အသိဉာဏ်တွေ ပိုပြီးတော့ ရင့်ကျက်လာလိမ့်မယ်။
ဒီလို နေ့စဉ်နေထိုင်သွားတဲ့ မိမိရဲ့ဘဝမှာမိမိရဲ့ daily life မှာ …စိတ်ဓာတ်ကို အေးချမ်းအောင် မထားနိုင်ပဲနဲ့ ခဏလောက် တရားအားထုတ်ရုံနဲ့တော့
တာရှည်မခံဘူး၊ ပြန် ကျ-ကျသွားတာပဲ။
ဆယ်ရက်, ဆယ်ငါးရက်လောက် တရားအားထုတ်လိုက်တယ်၊ နည်းနည်း နေလို့ကောင်းသွားတယ်၊ စိတ်ကလေး နည်းနည်းကြည်လင်လာတယ်၊ စိတ်ကောင်းလေးတွေ ဝင်လာတယ်၊
တရားအားမထုတ်တာ ကြာသွားရင် အဲဒါတွေက တဖြည်းဖြည်း လျှောကျသွားရော။
အဲဒီလို ပြန်ကျမသွားအောင် ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ ငြိမ်းချမ်းတဲ့စိတ်ကလေးကို အမြဲတမ်း ဖြစ်ပေါ်နေအောင် ထိန်းထားမှရတယ်။
.. { မဟာမြိုင်တောရဆရာတော်အရှင်ဇောတိက }
🙏 🙏 🙏
Virgo Virgo
. [ “သတိဖြင့်နေထိုင်ခြင်း တရားတော် - ၂ မှ
ပူဇော်ပါသည် ]