ဆ-49

0 0 0
                                    

ဆ-49
"ကိုယ့်ကိုကိုယ် အရှင်လတ်လတ်
မြေမြုပ်ခံနေသူများ "
-ဘာမှမလုပ်ပဲ ပျင်းရိနေတာဟာ
အရှင်လတ်လတ် မြေမြုပ်ခံနေရတာပါပဲ။
ပျင်းရိနေတဲ့လူဟာ အသက်ရှင်နေပေမယ့်
ဘဝ သေနေတဲ့သူပဲ ဖြစ်တယ်။
ပျင်းရိနေသူမှာ . .
ပညာလည်း မတိုးဘူး။
ဥစ္စာပစ္စည်းလည်း မတိုးဘူး။
မိတ်ဆွေကောင်းလည်း မတိုးဘူး။
စိတ်ချမ်းသာမှုလည်း မတိုးဘူး။
ပျင်းရိနေတဲ့သူကို . .
ဘယ်သူကမှလည်း မလေးစားဘူး။
ကိုယ့်ကိုယ်တိုင်လည်း လေးစားမှု မရှိနိုင်ဘူး။
ပျင်းတဲ့သူငယ်ချင်းတယောက်က ပြောတယ်။
ပျင်းတာဟာ နာမည်သာ ဆိုးတာ , လူတော့ တော်တော် သက်သာတယ်တဲ့။
ရေရှည်မှာတော့ ပျင်းတဲ့သူဟာ အဆင်ပြေတဲ့ဘဝ ကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ အခု သက်သာအောင် နေတဲ့သူဟာ နောက်တော့ မသက်သာဘူး။
ကိုယ့်မှာ ပျင်းတတ်တဲ့ သူငယ်ချင်း ရှိသလား ?
သူ့ကို သတိထားပါ။ သူက ကိုယ့်ကို ခင်တယ် ဆိုပြီး . . .
-ကိုယ့်အချိန်တွေကို လာဖြုန်းမယ်။
-သူ့ဆီက ကောင်းတာ ဘာမှ မရနိုင်ဘူး။
-အကြံဉာဏ်ကောင်းလည်း မရနိုင်ဘူး။
-စိတ်ချမ်းသာမှုလည်း မရနိုင်ဘူး။
-တနေ့မှာ သူဟာ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ်။
သူဟာ အချိန်ရှိတုန်းမှာ ပညာမရှာဘူး။ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ငွေကြေးကို စုဆောင်းမထားဘူး။ အခက်အခဲရှိတဲ့အခါ ကိုယ့်ကိုယ်ကို အားမကိုးနိုင်တော့ သူများကို အားကိုးဖို့ပဲ စဉ်းစားတော့မယ်။
ပျင်းတဲ့သူဟာ တခြားအပင်ဆီက အဆီအနှစ်ကို မှီပြီး အသက်ရှင်တဲ့ " ကပ်ပါးပင် " လိုပဲ။
အဆင်သင့် ရတာကိုပဲ လိုချင်တယ်။
ပျင်းတဲ့သားသမီးဟာ မိဘအတွက် ဝန်ထုပ်ဝန်ပိုး ပါပဲ။
မိဘကို ပေးနိုင်ဖို့ စိတ်မကူးဘူး။
မိဘဆီကပဲ ရဖို့ စိတ်ကူးတယ်။
ဘာမှမလုပ်ပဲနေတာဟာ လူမိုက်တွေ , ဉာဏ်မရှိတဲ့ လူတွေရဲ့ ခွင့်ရက်ရှည်ပဲ ဖြစ်တယ်။
ပျင်းတဲ့သူဟာ ဘဝတခုလုံးကို ခွင့်ရက်ရှည်ကြီးလို သဘောထားပြီး နေတယ်။
သူတို့ဟာ အကျိုးရှိတဲ့အလုပ်ကိုသာ မလုပ်ချင်တာ။
အကျိုးမရှိတဲ့ အလုပ် . . . လျှောက်လည်တာ , ဖဲရ်ိုက်တာ , လောင်းကစားတာ , တနေကုန် TV ကြည့်တာမျိုးတွေတော့ မပျင်းမရိ လုပ်နိုင်တယ်။
သုံးလွန်းလို့ ပွန်းပြီး ပါးသွားတာက မသုံးဘဲထားလို့ သံချေးတက်သွားတာထက် ပိုကောင်းပါတယ်။
ဘာမှမလုပ်ချင်တော့ဘူးဆိုရင် . . .
ကိုယ့်အတွက်ကိုယ် နာရေးကြော်ငြာ ရေးလိုက်ပါတော့။
ဒါကြောင့် ဘဝမသေချင်ရင်ရင် . . .
ငယ်ငယ်ကတည်းက လေ့ကျင့်ထားဖို့ လိုတယ်။
ပျင်းတာဟာလည်း အကျင့်ပါပဲ။
မပျင်းတာဟာလည်း အကျင့်ပါပဲ။
" ဆရာတော် ဦးဇောတိက - မဟာမြိုင်တောရ "
Credit - ဓမ္မနှစ်သက်သူ ။12အောက်။၂၀၁၆

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now