ဆ-2
🍁ဘာကိုတန်ဖိုးထားရမလဲ🍁
ကိုယ့်စိတ်ထဲမှာ ဘာတွေ တွေးနေသလဲ ဘာတွေ ခံစားနေရသလဲ ဆိုတာကိုပဲ ဘယ်နေရာမှာဖြစ်ဖြစ် သတိရတိုင်း ကြည့်ပေးဖို့လိုတယ်။
ဒါကြောင့် ကောင်းတာလေးတွေ လုပ်ပြီးတော့ ကိုယ့်ကိုယ်ကို ရိုးရိုးသားသားနဲ့ ကျေနပ်မှုရဖို့ လိုတယ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့လိုတယ်၊ ကိုယ့်ကိုယ်ကို ချစ်ဖို့လိုတယ်။
ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ အတ္တစွဲကြီးတာနဲ့ ဘာမှမဆိုင်ဘူး၊ တကိုယ်ကောင်းဆန်တာနဲ့ ဘာမှမဆိုင်ဘူး။ တချို့က ကိုယ့်ကိုယ်ကို ဒါလောက်ချစ်နေတာ ဒါ အတ္တကြီးလို့ပဲလို့ အဓိပ္ပာယ်ကောက်ချင်လိမ့်အုံးမယ်။ မဟုတ်ပါဘူး။
🌻🌻🌻
ကိုယ့်စိတ်ကိုကိုယ် သိနေတဲ့သူဟာ ကိုယ့်စိတ်ကိုပဲ တခြားလူတစ်ယောက်ကို ကြည့်နေသလိုပဲ ကြည့်ပြီးတော့ ဒီလိုကောင်းတာတွေကို တန်ဖိုးထားတာလေးတွေ ရှိနေတာကိုးလို့၊ ဒီလိုကောင်းတာလေးတွေ လုပ်ချင်တဲ့ စေတနာတွေ ရှိသကိုးလို့ ဆိုပြီးတော့ တခြားတစ်ယောက်ကို တန်ဖိုးထားနိုင်သလို ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားနိုင်လာတယ်။
ကိုယ့်ကိုယ်ကို တကယ်ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်ဖိုးထားနိုင်တဲ့သူဟာ တခြားလူပေါ်မှာလည်းပဲ အဲသလို စိတ်ကောင်း၊ စေတနာကောင်းလေးတွေနဲ့ မြင့်မြတ်တဲ့ values တွေ ရှိနေတာကို တွေ့ရရင် အဲဒါကိုလည်း ကျေကျေနပ်နပ်လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားနိုင်မှာပဲ။
🌻🌻🌻
ကိုယ့်ကိုယ်ကို သူများအောက်ကိုလည်း နှိမ့်ဖို့မလိုဘူး၊ ကိုယ့်ကိုယ်ကို သူများအထက်ကိုလည်း မြှင့်ဖို့မလိုဘူး။ ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်းတူရည်တူပဲ ကြည့်တတ်ဖို့လိုတယ်။
အဲဒီတော့ ပြောပြီးသားကိုပဲ ထပ်ပြီးတော့ တစ်ခါပြန်ပြောရအုံးမယ် ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို ဘယ်လို သဘောထားနေသလဲဆိုတာ မကြာမကြာ သတိထားပြီးတော့ ကြည့်တ်ဖို့လိုတယ်။ အချိန်မရွေး နေရာမရွေး သတိနဲ့နေဖို့ အကြိမ်ကြိမ် အခါအခါ အရင်တုန်းကလည်း ပြောခဲ့ပြီးပြီ။ ဒါကိုတော့ ဒီနေရာမှာ အကျယ်ချဲ့ပြီး မပြောလိုတော့ဘူး။
ကိုယ့်စိတ်ထဲမှာ ဘာတွေ တွေးနေသလဲ ဘာတွေ ခံစားနေရသလဲဆိုတာကိုပဲ ဘယ်နေရာမှာဖြစ်ဖြစ် သတိရတိုင်း ကြည့်ပေးဖို့လိုတယ်။
ကိုယ့်စိတ်ထဲမှာ ဘာတွေ တွေးနေသလဲ ဘာတွေ ခံစားနေရသလဲဆိုတာကိုပဲ ဘယ်နေရာမှာဖြစ်ဖြစ် သတိရတိုင်း ကြည့်ပေးဖို့လိုတယ်။
🌻🌻🌻
ကိုယ့်စိတ်ကို ကိုယ်ပိုသိလေလေ အဲဒီလူဟာ ပိုပြီးတော့ အသက်ဝင်လာလေလေပဲ။ သတိထားကြည့်တတ်ရင် တွေ့မှာပါ။ တချို့လူတွေရဲ့ မျက်လုံးဟာ စူးရှတယ်၊ သူတို့ တစ်ခုခုကို ကြည့်လိုက်တဲ့အခါမှာ အဲဒီမျက်လုံးရဲ့နောက်မှာ အင်အားပြည့်နေတဲ့စိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိစိတ် ရှိနေတာ တွေ့ရတယ်။ သူတို့ စကားပြောတဲ့အခါမှာလည်း သတိနဲ့ ဥာဏ်နဲ့ သေသေချာချာ ကြည့်ပြီးတော့ သိပြီးတော့ စိတ်ပါလက်ပါ ပြောတတ်လို့ သူတို့ပြောတဲ့စကားဟာ အားပါတယ်၊ အသက်ဝင်တယ်။ အဲဒီလိုလူကို လူအများက ပိုပြီး ယုံကြည်အားကိုးတတ်တယ်။
🌻🌻🌻
သတိဟာ လူကိုပိုပြီး အသက်ဝင်စေတယ်။ သတိဟာ စိတ်ကို ပိုပြီးအားရှိစေတယ်။ ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ အသက်မပါသလို၊ ကိုယ့်စိတ်က ဘယ်ကိုရောက်နေမှန်းမသိသလို ဖြစ်နေတာ ပျောက်ချင်ရင် ကိုယ့်စိတ်ကိုကိုယ် သိနေတဲ့ အလေ့အကျင့်ကို လေ့ကျင့်ပါ။
🍁🌻🌻🌻🍁
🍀အရင်ကထပ်ပိုပြီး🍀
အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေသာတဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့ လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေတာပဲ။
ကိုယ့်ကိုယ်ကို သေချာကြည့်ပြီး သိပြီးတော့ ပိုပြီးကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် အမြဲတမ်း ကြိုးစားနေရမှာပဲ။ နဂိုအတိုင်း နေသွားလို့ကတော့ မဖြစ်ဘူး။ ငယ်ငယ်တုန်းကတည်းက ရှိလာတဲ့ သဘောထားတွေ၊ မျှော်လင့်ချက်တွေ၊ ဦးတည်ချက်တွေအတိုင်း နေသွားလို့ မဖြစ်ဘူး။ အမြဲတမ်း လိုအပ်တာလေးတွေကို ပြင်သင့်တာလေးတွေကို ကြည့်ကြည့် ကြည့်ကြည့်ပြီး ပြင်သွားနေရမှာပဲ။ အဲသလို ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်သွားတာကိုပဲ transcending လို့ ခေါ်လို့ရတယ်။ အရင်အတိုင်း မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ကျောသွားနေတယ်။ အပြေးပြိုင်ပွဲမှာ နောက်တစ်ယောက်ကို ကိုယ်က ကျော်တတ်သလိုပဲ။ ကိုယ့်ကိုယ်ပဲ ပြန်ကျော်တက်သွားဖို့ လိုတယ်။
🍃🌸🍃
ကိုယ့်မှာ ရှိနေတဲ့ အရည်အချင်းကောင်းတွေကို အရင်ကထက်ပိုပြီး ထွက်ပေါ်လာအောင် ဖေါ်ထုတ်နေတာ၊ ကိုယ့်ဘဝမှာ ဖြစ်နိုင်သမျှ ကောင်းတာတွေဖြစ်လာအောင် ပြည်စုံလာအောင် လုပ်တာ၊ ကိုယ့်မှာရှိတဲ့ အဆင့်မြင့်တဲ့စိတ်ထားတွေ အရည်အချင်းတွေ ထွက်လာအောင် လုပ်တာဟာ ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်အောင် လုပ်တာပါ။ အဲသလို ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်အောင် လုပ်တယ် ဆိုကတည်းကိုက ပိုကောင်းတဲ့ဘက်ကို ရောက်သွားပြီ။ အဲဒါ transcending ဖြစ်သွားပြီ။
Transcending ဆိုတဲ့ အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေသာတဲ့ လူတစ်ယောက်ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေတာပဲ။ ဒါကိုယ့်ရဲ့ လိုအပ်ချက်ပဲ။
🍃🌸🍃
စားဝတ်နေရေးအတွက်လည်း ကြိုးစားနေရတယ်။ တစ်ချိန်ထဲမှာပဲ ပိုပြီးတော့ကောင်းတဲ့ လူသားတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားနေရတယ်။ အကယ်၍ စားဝတ်နေရေးအတွက်ပဲ လုပ်ပြီးတော့ အရင်အတိုင်းပဲ စိတ်နေသဘောထား အသိဥာဏ် ဘာမှ အပြောင်းအလဲမရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ပဲ နေသွားမယ်ဆိုရင် အသက်ရှင်နေတယ်ဆိုတာ အသက်မသေတာကို ပြောတာပဲလို့ အဓိပ္ပာယ်ပေါက်နေပြီ။ မသေတာကိုပဲ အသက်ရှင်နေတာလို့ ပြောမယ်ဆိုရင် သစ်ပင်တစ်ပင်နဲ့ ဘာမှ ထူးခြားမှာ မဟုတ်တော့ဘူး။
🍀🍃🌸🍃🍀🍃🌼🍃🍀
🙏🏻ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)🙏🏻
✍🏻ဘာကိုတန်ဖိုးထားရမလဲ✍🏻
📖၈၆-၉၀📖