.
ဆ-6
*** စိတ် ***
* ~ ငါ တန်ဘိုး အထားဆုံး အရာဟာ
ငါ့စိတ်ပဲ -
~ ငါ့စိတ် ကို ယုတ်နိမ့်သွားစေမယ့်
အတွေးတွေ သဘောထားတွေ ကို
အမြစ်တွယ်ခွင့် မပေးဘူး -
~ မကောင်းတဲ့
အတွေးတွေ သဘောထားတွေ ကို
သိ သိပြီး ပယ်မယ် - လို့
ဆုံးဖြတ်ပြီး အလေ့အကျင့် လုပ်ရင် တနေ့တခြား
စိတ်ထား မြင့်မားတဲ့သူ ဖြစ်လာမယ် ။
ဒီ တခုကို ထိထိရောက်ရောက် လုပ်လိုက်ရင် ကိုယ့်ဘ၀ တခုလုံး အတွက် အရည်အသွေးတွေ တိုးတက်လာမယ် ။
ဘ၀ ရဲ့ အရည်အသွေး ဟာ
စိတ် ရဲ့ အရည်အသွေး ပေါ်မှာ မူတည်တယ် ။
* စိတ် ဆိုတာ
ဥယျာဉ်နဲ့ တူပါတယ် ။
- မကောင်းတဲ့ မျိုးစေ့တွေ ကျလာရင်
မကောင်းတဲ့ အပင် ပေါက်မယ် ။
- ကောင်းတဲ့ မျိုးစေ့တွေ ကျရင်
ကောင်းတဲ့ အပင် ပေါက်မယ် ။
ဒါကြောင့်
နေ့စဉ် ဘယ်လို မျိုးစေ့တွေ ရောက်လာနေသလဲ ဆိုတာ သတိထားဖို့ လိုမယ် ။
ကိုယ့် စိတ်ထား မြင့် လာမှ ကိုယ့် ဘ၀ဟာ တကယ် မြင့်မား လာမှာနော် -
* ဉာဏ် နည်းတဲ့ သူဟာ
ရုပ်ပိုင်း ကို ဦးစားပေးတယ် ။
ဉာဏ်ပညာ ရင့်ကျက်တဲ့ သူဟာ စိတ်ပိုင်း ကို ဦးစားပေးတယ် ။
အာရုံတွေ ဂုဏ်ပကာသနတွေ ကအမျိုးမျိုး လှည့်စား ဖမ်းစား ထားတယ် ။
အဲဒီ အာရုံတွေ ဂုဏ်ပကာသနတွေ ရဲ့ လှည့်စားမှုထဲမှာ ထောင်ကျ နေတဲ့ သူတွေဟာ လှပတဲ့ ထောင်ထဲမှာ နေရတာကို ပျော်နေကြတယ် ။
ကျွန်စိတ် မရှိတဲ့ သူကို ကျွန်လို နေရာမှာ တာရှည် ထားလို့ မရပါဘူး ။
* ကိုယ့် စိတ်ကို
ကိုယ် အမှန်အတိုင်း သိနေရင် လုပ်သင့်တာ ကိုသာ လုပ်ချင်မှာဘဲ ။
အဲဒီအခါမှာ အောင်မြင်တဲ့သူ ဖြစ်လာမယ် ။
" ဘာဘဲ ဖြစ်ချင် ဖြစ်ချင် ကိုယ် ဖြစ်ချင်တာနဲ့ တန်တဲ့ စိတ်ထားကို အရင်မွေးပါ ။ "
အရာရာတိုင်း ဟာ စိတ် ကနေ စ ပါတယ် ။
- စိတ်ထဲမှာ အသက်ဝင်နေတဲ့ အရာဟာ
မကြာခင်မှာ အကောင်အထည် ပေါ်လာမယ် ။
- စိတ်ထဲမှာ အသက် မ၀င်သေးရင်
အကောင်အထည် မပေါ်နိုင်ဘူး ။
ဒါကြောင့် ကိုယ်လိုချင်တဲ့ အရာဟာ ကိုယ့် စိတ်ထဲမှာ အသက် ၀င်နေရမယ် ။
" အသက် ၀င်တဲ့ စိတ်ကူး ကို စိတ်ကူးနိုင်တဲ့ သူတွေသာ မဖြစ်နိုင်ဘူး လို့ ထင်ကြတာကို ဖြစ်အောင် လုပ်နိုင်ကြတယ် ။ "
နည်းနည်း ပေးပြီး များများ ရချင်တဲ့ စိတ်ဓါတ်မျိုးဟာ
- ဘ၀ကို
ဖျတ်ဆီးမယ့် စိတ်ဓါတ်မျိုး ဖြစ်တယ် ။
- လောကကို
ဖျတ်ဆီးမယ့် စိတ်ဓါတ်မျိုး ဖြစ်တယ် ။
> ကိုယ့်ရဲ့ စိတ်ထဲမှာ
အမှန်ကို သိတဲ့သူ ရှိတယ် ။
သူက အမြဲတမ်း မှန်ကန်တဲ့ စီရင်ချက်ကို ချတယ် ။
-> သူတပါးကို မကောင်းကြံတဲ့ သူဟာ သူ့ စိတ် ဟာလည်း မအေးချမ်းဘူး ။
စိတ်ထား မကောင်းရင် စိတ် အေးချမ်းမှု မရနိုင်ဘူး ။
* To know and
not to do is not yet to know.
သိပြီးတော့ မလုပ်လို့ရှိရင်
မသိသေးတာနဲ့ အတူတူဘဲ ။
- နည်းနည်း သိ နည်းနည်း လုပ်ပါ ။
- များများ သိ များများ လုပ်ပါ ။
အသိအမြင် လေးနက် မှန်ကန်ပြီးတော့
- မိမိ ဘ၀ကို
အဓိပ္ပါယ် ရှိရှိ နေနိုင်သူများ
- မိမိ အကျိုး သူတပါး အကျိုး တို့ကို
ထိထိရောက်ရောက် ဆောင်ရွက်နိုင်သူများ
ဖြစ်ကြပါစေ ။
-> မိမိ ကိုယ် မိမိ ချစ်ပါ ။
မိမိ ကိုယ် မိမိ မချစ်လို့ရှိရင်
သူတစ်ပါးကို ချစ်ဖို့ရာလည်း
မတတ်နိုင်ပါဘူး ။
-> ရင့်ကျက်တယ် ဆိုတာ
အသက်အရွယ် နဲ့ မဆိုင်ပါဘူး ။
အသိဉာဏ်နဲ့ ဘဲ ဆိုင်တယ် ။
သတိ နဲ့ သိလေလေ လူကြီး ဆန်လေလေ -
ရင့်ကျက် လေလေ မျှ တ လေလေ -
ဖြစ်လာမှာပါ ။
-> မမှားဖူးတဲ့ လူရယ်လို့ မရှိပါဘူး ။
အမှား ကင်းဖို့ ဆိုတာလည်း
သိပ်တော့ မလွယ်လှဘူး ။
အမှား နည်းဖို့ဘဲ ကြိုးစားရမှာ ။
တခုကိုဘဲ ထပ်ခါထပ်ခါ မမှားဖို့
အရေးကြီးတာ ပေါ့ နော် ။
-> အချစ် ခံရဖို့ ဆိုတဲ့ စိတ်နဲ့
တခုခုကို လုပ်နေတဲ့ သူတွေဟာ
စိတ်ပျက်ရတယ် ဆိုတဲ့ နေရာမှာ
လမ်းဆုံးတာ များပါတယ်။
-> တကယ့် မေတ္တာစစ် ဆိုတာ
- ကိုယ့် အတွက်
ဘာ အကောင်းဆုံးလဲ ဆိုတာ
တွေးတာ မဟုတ်ဘူး ။
- သူ့ အတွက်
ဘာ အကောင်းဆုံး ဖြစ်မလဲ ဆိုတာကိုဘဲ
တွေးပြီး
အဲဒါကိုဘဲ
လိုလိုလာလား လုပ်ပေးတာပါ ။ ။ ။
--- --- --- + --- --- ---
ဆရာတော် ဦးဇောတိက မဟာမြိုင်တောရ
ပူဇော်သူ ; U Aung Naing Oo (ANO)
*********************************************
Unicode
*** စိတ် ***
* ~ ငါ တန်ဘိုး အထားဆုံး အရာဟာ
ငါ့စိတ်ပဲ -
~ ငါ့စိတ် ကို ယုတ်နိမ့်သွားစေမယ့်
အတွေးတွေ သဘောထားတွေ ကို
အမြစ်တွယ်ခွင့် မပေးဘူး -
~ မကောင်းတဲ့
အတွေးတွေ သဘောထားတွေ ကို
သိ သိပြီး ပယ်မယ် - လို့
ဆုံးဖြတ်ပြီး
အလေ့အကျင့် လုပ်ရင်
တစ်နေ့တစ်ခြား
စိတ်ထား မြင့်မားတဲ့သူ ဖြစ်လာမယ် ။
ဒီ တစ်ခုကို
ထိထိရောက်ရောက် လုပ်လိုက်ရင်
ကိုယ့်ဘ၀ တစ်ခုလုံး အတွက်
အရည်အသွေးတွေ တိုးတက်လာမယ် ။
ဘ၀ ရဲ့ အရည်အသွေး ဟာ
စိတ် ရဲ့ အရည်အသွေး ပေါ်မှာ မူတည်တယ် ။
* စိတ် ဆိုတာ
ဥယျာဉ်နဲ့ တူပါတယ် ။
- မကောင်းတဲ့ မျိုးစေ့တွေ ကျလာရင်
မကောင်းတဲ့ အပင် ပေါက်မယ် ။
- ကောင်းတဲ့ မျိုးစေ့တွေ ကျရင်
ကောင်းတဲ့ အပင် ပေါက်မယ် ။
ဒါကြောင့်
နေ့စဉ် ဘယ်လို မျိုးစေ့တွေ
ရောက်လာနေသလဲ ဆိုတာ
သတိထားဖို့ လိုမယ် ။
ကိုယ့် စိတ်ထား မြင့် လာမှ
ကိုယ့် ဘ၀ဟာ
တကယ် မြင့်မား လာမှာနော် -
* ဉာဏ် နည်းတဲ့ သူဟာ
ရုပ်ပိုင်း ကို ဦးစားပေးတယ် ။
ဉာဏ်ပညာ ရင့်ကျက်တဲ့ သူဟာ
စိတ်ပိုင်း ကို ဦးစားပေးတယ် ။
အာရုံတွေ ဂုဏ်ပကာသနတွေ က
အမျိုးမျိုး လှည့်စား ဖမ်းစား ထားတယ် ။
အဲဒီ အာရုံတွေ ဂုဏ်ပကာသနတွေ ရဲ့
လှည့်စားမှုထဲမှာ ထောင်ကျ နေတဲ့ သူတွေဟာ
လှပတဲ့ ထောင်ထဲမှာ နေရတာကို
ပျော်နေကြတယ် ။
ကျွန်စိတ် မရှိတဲ့ သူကို ကျွန်လို နေရာမှာ
တာရှည် ထားလို့ မရပါဘူး ။
* ကိုယ့် စိတ်ကို
ကိုယ် အမှန်အတိုင်း သိနေရင်
လုပ်သင့်တာ ကိုသာ လုပ်ချင်မှာဘဲ ။
အဲဒီအခါမှာ အောင်မြင်တဲ့သူ ဖြစ်လာမယ် ။
" ဘာဘဲ ဖြစ်ချင် ဖြစ်ချင်
ကိုယ် ဖြစ်ချင်တာနဲ့ တန်တဲ့ စိတ်ထားကို
အရင်မွေးပါ ။ "
အရာရာတိုင်း ဟာ စိတ် ကနေ စ ပါတယ် ။
- စိတ်ထဲမှာ အသက်ဝင်နေတဲ့ အရာဟာ
မကြာခင်မှာ အကောင်အထည် ပေါ်လာမယ် ။
- စိတ်ထဲမှာ အသက် မ၀င်သေးရင်
အကောင်အထည် မပေါ်နိုင်ဘူး ။
ဒါကြောင့် ကိုယ်လိုချင်တဲ့ အရာဟာ
ကိုယ့် စိတ်ထဲမှာ အသက် ၀င်နေရမယ် ။
" အသက် ၀င်တဲ့ စိတ်ကူး ကို
စိတ်ကူးနိုင်တဲ့ သူတွေသာ
မဖြစ်နိုင်ဘူး လို့ ထင်ကြတာကို
ဖြစ်အောင် လုပ်နိုင်ကြတယ် ။ "
* နည်းနည်း ပေးပြီး များများ ရချင်တဲ့
စိတ်ဓါတ်မျိုးဟာ
- ဘ၀ကို
ဖျတ်ဆီးမယ့် စိတ်ဓါတ်မျိုး ဖြစ်တယ် ။
- လောကကို
ဖျတ်ဆီးမယ့် စိတ်ဓါတ်မျိုး ဖြစ်တယ် ။
-> ကိုယ့်ရဲ့ စိတ်ထဲမှာ
အမှန်ကို သိတဲ့သူ ရှိတယ် ။
သူက
အမြဲတမ်း မှန်ကန်တဲ့ စီရင်ချက်ကို ချတယ် ။
-> သူတစ်ပါးကို မကောင်းကြံတဲ့ သူဟာ
သူ့ စိတ် ဟာလည်း မအေးချမ်းဘူး ။
စိတ်ထား မကောင်းရင်
စိတ် အေးချမ်းမှု မရနိုင်ဘူး ။
* To know and
not to do is not yet to know.
သိပြီးတော့ မလုပ်လို့ရှိရင်
မသိသေးတာနဲ့ အတူတူဘဲ ။
- နည်းနည်း သိ နည်းနည်း လုပ်ပါ ။
- များများ သိ များများ လုပ်ပါ ။
အသိအမြင် လေးနက် မှန်ကန်ပြီးတော့
- မိမိ ဘ၀ကို
အဓိပ္ပါယ် ရှိရှိ နေနိုင်သူများ
- မိမိ အကျိုး သူတစ်ပါး အကျိုး တို့ကို
ထိထိရောက်ရောက် ဆောင်ရွက်နိုင်သူများ
ဖြစ်ကြပါစေ ။
-> မိမိ ကိုယ် မိမိ ချစ်ပါ ။
မိမိ ကိုယ် မိမိ မချစ်လို့ရှိရင်
သူတစ်ပါးကို ချစ်ဖို့ရာလည်း
မတတ်နိုင်ပါဘူး ။
-> ရင့်ကျက်တယ် ဆိုတာ
အသက်အရွယ် နဲ့ မဆိုင်ပါဘူး ။
အသိဉာဏ်နဲ့ ဘဲ ဆိုင်တယ် ။
သတိ နဲ့ သိလေလေ လူကြီး ဆန်လေလေ -
ရင့်ကျက် လေလေ မျှ တ လေလေ -
ဖြစ်လာမှာပါ ။
-> မမှားဖူးတဲ့ လူရယ်လို့ မရှိပါဘူး ။
အမှား ကင်းဖို့ ဆိုတာလည်း
သိပ်တော့ မလွယ်လှဘူး ။
အမှား နည်းဖို့ဘဲ ကြိုးစားရမှာ ။
တစ်ခုကိုဘဲ ထပ်ခါထပ်ခါ မမှားဖို့
အရေးကြီးတာ ပေါ့ နော် ။
-> အချစ် ခံရဖို့ ဆိုတဲ့ စိတ်နဲ့
တစ်ခုခုကို လုပ်နေတဲ့ သူတွေဟာ
စိတ်ပျက်ရတယ် ဆိုတဲ့ နေရာမှာ
လမ်းဆုံးတာ များပါတယ်။
-> တကယ့် မေတ္တာစစ် ဆိုတာ
- ကိုယ့် အတွက်
ဘာ အကောင်းဆုံးလဲ ဆိုတာ
တွေးတာ မဟုတ်ဘူး ။
- သူ့ အတွက်
ဘာ အကောင်းဆုံး ဖြစ်မလဲ ဆိုတာကိုဘဲ
တွေးပြီး
အဲဒါကိုဘဲ
လိုလိုလာလား လုပ်ပေးတာပါ ။ ။ ။
--- --- --- + --- --- ---
ဆရာတော် ဦးဇောတိက မဟာမြိုင်တောရ
ပူဇော်သူ ; U Aung Naing Oo (ANO)