လူတိုင်း မှားတတ်ပါတယ်
လွဲတတ်ပါတယ်
ကိုယ်လွဲနေတာ မှားနေတာကို
သူတပါးက စေတနာနဲ့
ထောက်ပြရင်
ခံနိုင်ရည်ရှိမှ စိတ်မဆိုးမှ
ကိုယ့်အမှားကို
ကိုယ်အတတ်နိုင်ဆုံးပြုပြင်မှ
တနေ့တခြား အမှားနည်းပြီး
တိုးတက်မယ်။အောင်မြင်တဲ့သူတွေအားလုံးဟာ
အမှားတွေကို
ကျော်ဖြတ်ခဲ့တဲ့သူတွေပဲ။
မှားမှာကြောက်လို့
မလုပ်ရဲတဲ့သူတွေဟာ
အောင်မြင်တဲ့အဆင့်ကို
ရောက်မလာဘူး။မှားတာက အကြီးမားဆုံး
ဆုံးရှုံးမှု မဟုတ်ဘူး။
အမှားကို မပြင်နိုင်တာကမှ
အကြီးမားဆုံး ဆုံးရှုံးမှု
ဖြစ်တယ်။အမှားကိုသိတဲ့သူ ပြင်တဲ့သူဟာ
သတ္တိရှိတဲ့သူ
ကိုယ့်ကိုယ်ကို ပိုပြီး
ယုံကြည်တဲ့သူ ဖြစ်လာတယ်။တကယ်တော့ အဆိုးတွေထဲက၊
အမှားတွေထဲက၊
ဒုက္ခတွေထဲကမှ
တကယ်လေးနက်တဲ့
အသိဉာဏ်ကို ရတာပါ။ဉာဏ်ပညာကြီးတဲ့သူတွေဟာ
တခါမှ မမှားဖူးပဲနဲ့
ဉာဏ်ပညာကြီးတဲ့သူ
ဖြစ်လာတာ မဟုတ်ပါဘူး။
အမှားကို သိပြီး
အမှားထဲက ပညာရပြီး
ကိုယ့်အမှားကို ကိုယ်ပြုပြင်နိုင်လို့
အမှားနည်းသွားပြီး
ပညာရှိဖြစ်လာတာ။မမှားဖူးတဲ့သူ မရှိပါဘူး။
အမှားကင်းဖို့ဆိုတာလည်း
သိပ်တော့ မလွယ်ဘူး။
အမှားနည်းဖို့ပဲ ကြိုးစားရမှာ။
အမှားတခုကို
ထပ်ခါထပ်ခါ မမှားဖို့
မလုပ်မိဖို့ပဲ လိုပါတယ်။မှားတာကို မှားတယ်လို့ သိဖို့
သိပ်အရေးကြီးပါတယ်။
မှန်တာကို မသိတာထက်
မှားတာကို မှန်တယ်လို့
ယုံကြည်တာက ပိုဆိုးပါတယ်။အမှားကို
လက်ဆင့်ကမ်းလိုက်တာဟာ
ရောဂါတမျိုးကို
ကူးစက်အောင်လုပ်လိုက်တာနဲ့
အတူတူပဲ။ အပြစ်ရှိပါတယ်။ကိုယ့်လောကကြီးကို
ပြောင်းပစ်ချင်တယ်ဆိုရင်
ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့
ကိုယ့်စိတ်ထဲမှာရှိနေတဲ့
လွဲမှားနေတဲ့ မသင့်တော်တဲ့
သဘောထားတွေကို သတိနဲ့
သိနေပါ။တကယ်သေသေချာချာ
သိတယ်မြင်တယ်ဆိုရင်
ပြင်တယ်ဆိုတဲ့သဘောက
အလိုအလျောက် ဖြစ်လာပါတယ်။ကိုယ့်အမှားကို မြင်နိုင်တာဟာ
အကျိုးများတယ်။
ဒီလိုမြင်နိုင်မှ ကိုယ့်အမှားကို
ပြင်နိုင်မယ်။သတိနည်းတဲ့သူ
ဉာဏ်ပညာနည်းတဲ့သူကတော့
ပစ္စည်းရှိလေ မာနကြီးလေ
ရာထူးတက်လေ မာနကြီးလေ
ဖြစ်ပြီးတော့
ငါလုပ်တိုင်းဖြစ်တယ်
ငါလုပ်မှဖြစ်တယ်
ငါသိတယ် ငါတတ်တယ်
ငါ့လောက် သူများတွေ
မသိဘူး မတတ်ဘူး၊
ငါဘယ်သူ့ကို
ဂရုစိုက်နေရဦးမှာလည်း
ငါ့ကို ဆရာလာမလုပ်နဲ့
စသဖြင့် စိတ်ကြီးဝင်
မာနတွေကြီးပြီးတော့
အမှားတွေ လုပ်မိတတ်တယ်။တနေ့မှာ ကိုယ့်အမှားကြောင့်
ဒုက္ခရောက်ရမယ်။
မြင့်မြတ်တဲ့
အေးချမ်းကြည်လင်တဲ့
စိတ်ဓာတ်ကို မရနိုင်တော့ဘူး။
အဲဒါမှ အရှုံးကြီးရှုံးတာပဲ။ဒါကြောင့် ကိုယ့်အမှားတွေကို
ကိုယ်ကြည့်ပြီးတော့
သိပြီးတော့
ပြင်ပြီးနေသွားရတာဟာ
ဘဝမှာ ကျေနပ်စရာအကောင်းဆုံး
အလုပ်ပါ။"မှားတာက အကြီးမားဆုံး
ဆုံးရှုံးမှု မဟုတ်ဘူးနော်
အမှားကို မပြင်နိုင်တာကမှ
အကြီးမားဆုံး ဆုံးရှုံးမှု"ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)
ပြန်လည်မျှဝေပူဇော်ပါသည်။
Nay Lin