…ဆ-74
…☘️ #သတိဉာဏ်နဲ့နေတဲ့သူ☘️……
.
🔹 “ကံ” ဆိုတာ ကာယကံ၊ ဝစီကံ၊ မနောကံ၊
ကိုယ်လုပ်ခဲ့တဲ့ အလုပ်။
ကံ၏အကျိုး ဆိုတာ အလုပ်ရဲ့အကျိုး၊
ကံလို့ ပြောလိုက်ရင် အတိတ်က ကံ ကိုပဲ
အဓိပ္ပာယ်ကောက်ကြတယ်။
ပစ္စူပ္ပန်မှာ…… အချိန်တိုင်း အချိန်တိုင်း
ကံတွေဖြစ်နေတယ်။
ကိုယ်က သတိဉာဏ်နဲ့ နေတတ်ရင်
ကောင်းတဲ့ကံတွေ ဖြစ်မယ်။
ဒီကံတွေက အစွမ်းသတ္တိ ကြီးမားပါတယ်၊
အားကိုးရတယ်။
ကိုယ်က သတိနဲ့ ဉာဏ်နဲ့ ယှဉ်ပြီး
လုပ်လိုက်တဲ့အလုပ်ဟာ
အစွမ်းသတ္တိ အင်မတန်ကြီးမားပါတယ်။
သတိနဲ့ ဉာဏ်နဲ့ နေတတ်တဲ့သူဟာ
ကိုယ်လိုချင်တဲ့ ကံမျိုးကို ဖန်တီးလို့ရတယ်။
#အကြောင်းတရားဖြစ်တဲ့ကံကို
#သတိနဲ့_ဉာဏ်နဲ့ဖန်တီးထားရင်
#အကျိုးတရားဟာသူ့ဟာသူလိုက်မှာပါ။
🔹 #သတိနဲ့ဉာဏ်မပါရင်
#ဖြစ်ချင်တဲ့ကံမျိုးဖြစ်တော့မယ်။
#များသောအားဖြင့်
#အကုသိုလ်ကံတွေဖြစ်နေတော့မယ်။
အကြောင်းကံ မကောင်းဘူး ဆိုရင်
နောက်ကလိုက်မည့် အကျိုးကံဟာလည်း
မကောင်းနိုင်ဘူး။
သတိနဲ့ ဉာဏ်နဲ့ နေတဲ့သူဟာ
ကိုယ့်ကံကို ကိုယ်ရွေးပြီး ဖန်တီးနိုင်တယ်။
ဒါကြောင့်
#သတိနဲ့_ဉာဏ်နဲ့နေတဲ့သူဟာ
ကိုယ့်လမ်း ကိုယ်ရွေးပြီး
#လိုရာကိုရောက်အောင်သွားနိုင်တယ်။
သတိနဲ့ ဉာဏ်မပါရင်
မျက်စိကန်းနေတဲ့သူနဲ့ တူတယ်။
ဆင်ကန်းတောတိုး ဖြစ်တော့မယ်၊
လမ်းပျောက်သွားမယ် ။ ။ ။
.
.
. { မဟာမြိုင်တောရ ဆရာတော်အရှင်ဇောတိက }
.
. [ “စိတ်နှလုံး ရွှင်လန်းစေဖို့” မှ ပူဇော်ပါသည် ]
🙏 🙏 🙏
