ဆ-25

0 0 0
                                    

ဆ-25
ဆရာတော်ဦးဇောတိကရဲ့ စကားစုများ
=========================
1 .သူတပါးမှာ အမှားတခုခု ချို့ယွင်းချက်တခုခု တွေ့တဲ့အခါ
ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။
2 .ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ်ရဲရဲကြီး ပြင်လိုက်ပါ။
3 .အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲကပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်ကအကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတခု ဖြစ်သွားတယ်။
4 .အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင်မှားယွင်းမှူတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။
5. အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီးလုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။
6 .ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီအဆိုးဟာ အကောင်းဘက်ကိုတဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ်ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။
7 .အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကိုအဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒိီအဆိုးထဲကအသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။
8 .သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။
9 .စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကိုအောက်တန်းကျသွားစေတယ်။
10 .ဘ၀တခုလုံးဟာ လက်တွေ့ စမ်းသပ်မှုလုပ်နေတာပဲ။ အမှားတွေကိုများများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။
11.တချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တချို့တော့ မှားနေမှန်းသိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီလို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊မတိုးတက်ဘူး။
12 .မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့မလွယ်ဘူး။
13 .အမှားနည်းဖို့ပဲ ကြိုးစားရမှာ၊ အမှားတခုကို ထပ်ခါ ထပ်ခါ မမှားဖို့မလုပ်မိဖို့ပဲ လိုပါတယ်။
14 .သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။
15 .ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။
16 .အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောက်အယှက် ဖြစ်တာကိုမခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့်လုပ်နေပါ။
17 .အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီးရင့်ကျက်တဲ့သူ ဖြစ်မယ်။
18 .ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့သေသေချာချာ ပေါ်လွင်သွားပြီ။
19 .တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှုအများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီးသုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။
20 .သူတပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ရှိနေတတ်တာပဲ များပါတယ်။ သူတပါးမှာ ကောင်းတာ မြင်ရင်လည်းအဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။
21 . ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။
22 .တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှတကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။
23 . အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။
24..ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီးဒုက္ခရောက်တယ်။
25..ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီက စ, ပါ။
26 .သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကိုကိုယ်ချတာပဲ။
27 .သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။
ဆရာတော် ဇောတိက (မဟာမြိုင်)
crd Than Tun

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now