ဆ-76
လိမ်လည်မှု၊ လှည့်စားမှုတွေဟာ
အကျဉ်းထောင်နဲ့ တူတယ်။
ကိုယ့်ရဲ့ လှည့်စားမှုတွေက
ကိုယ့်ကို ထောင်ချထားတယ်။ အဲဒီထောင်ထဲ
မှာ ကြာကြာနေလေ ကိုယ့်စိတ်ရဲ့ ကျန်းမာရေး
ဟာ ဆုတ်ယုတ်သွားလေပဲ။ မြန်မြန်လွတ်အောင် လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ကြာရင် ဘဝသေ
သွားမယ်။
တစ်ချို့လူတွေဟာ ဘဝသေနေတဲ့ ဒုက္ခကို
ခံစားနေရတယ်။ အဲဒီဒုက္ခမျိုးကို အင်္ဂလိပ်လို
'The suffering of deadness´ လို့ခေါ်တယ်။
လိမ်လည်လှည့်စားမှု့တွေနဲ့ နေတဲ့သူတွေဟာ
ကြာရင် အသက်ရှုမဝတဲ့ရောဂါ ဖြစ်တယ်။
Enormous suffering is caused by pretense.
ဟန်ဆောင်မှုဟာ အင်မတန်ကြီးမားတဲ့
ဒုက္ခကို ဖြစ်စေတယ် !!!
မဟုတ်တာကို အဟုတ်ထင်အောင် လုပ်ပြ
ရတာ၊ နေပြရတာ။
အထင်သေးမှာ ကြောက်လို့
အထင်ကြီးအောင် ပြောနေရတာ၊
မလုပ်သင့်တာတွေကိုလုပ်ပြီး
လူမသိအောင် ဖုံးရတာ အင်မတန်
ဒုက္ခကြီးပါတယ်။
Lying is stressful.
လိမ်လည်မှုဟာ စိတ်ပင်ပန်းမှု၊
စိတ်ဖိစီးမှုကို ဖြစ်စေတယ်။
A honest person is free.
ရိုးသားတဲ့သူဟာ လွတ်လပ်နေတယ်။
The person who learns to tell the truth
is the most free, most alive.
မှန်တာကို ပြောတတ်တဲ့သူဟာ ...
အလွတ်လပ်ဆုံးလူ ဖြစ်တယ် !!!
အသက် အဝင်ဆုံးလူ ဖြစ်တယ် !!!
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
အမှတ်တရ ဓမ္မဒါန ➠𝓓ʰ⍺⫙⫙⍺ ╤ʰ𝗨╤⍺
🙏🙏🙏