. …
ဆ-18
🔹 ဉာဏ်မပါပဲနဲ့ ပြုတဲ့ကုသိုလ်ကို
ဉာဏဝိပ္ပယုတ်ကုသိုလ်လို့ ခေါ်တယ်။
ဉာဏ်နဲ့ မယှဉ်တဲ့ကုသိုလ်ဟာ
အင်မတန် အကျိုးပေး အားနည်းတယ်။
ကုသိုလ်ဆိုတာ
စိတ်ရဲ့ အစွမ်းသတ္တိကိုခေါ်တာ။
သတိမပါ၊ ဉာဏ်မပါလို့ရှိရင်
စိတ်ဟာ အစွမ်းသတ္တိနည်းနေတယ်။
စိတ်အားထက်သန်မှု နည်းနေတယ်။
သတိပါ, ဉာဏ်ပါလို့ရှိရင်
ဉာဏသမ္ပယုတ်ကုသိုလ်လို့ ခေါ်တယ်။
ဉာဏ်နဲ့ယှဉ်တဲ့ ကုသိုလ်လို့
အဓိပ္ပာယ်ပေါက်တယ်။
ဉာဏ်နဲ့ယှဉ်တဲ့ ကုသိုလ်ဟာ
အကျိုးပေး အားကြီးတယ်။
သတိပါတဲ့အတွက်ကြောင့်,
ဉာဏ်ပါတဲ့အတွက်ကြောင့်
စိတ်က ပိုပြီးတော့
အားရှိတယ်, အားကောင်းတယ်။
သတိမပါပဲနဲ့ ဉာဏ်မပါနိုင်ဘူး။
သင်္ဂြိုလ်၊ အဘိဓမ္မာ လေ့လာဖူးတဲ့သူဆိုရင်
ပိုပြီးတော့ နားလည်မှာပါ။
စိတ်, စေတသိက်ယှဉ်ပုံကို
လေ့လာကြည့်တဲ့အခါမှာ _
သတိမပါတဲ့စိတ်ဟာ
ပညာယှဉ်တာ မတွေ့ရဘူး။
သတိပါမှ ပညာပါလာတယ်။
အဲဒီတော့, ပြုရတာခြင်းအတူတူ
ပိုပြီးတော့ ထက်သန်တဲ့၊ အားကောင်းတဲ့၊
အားကြီးတဲ့ ကုသိုလ်စိတ်ဖြစ်ဖို့ဆိုရင်
သတိလေးပါထည့်ပြီးတော့
‘သိ’ ပြီးတော့ ပြုလိုက်ပါ။
.
.
. { မဟာမြိုင်တောရ ဆရာတော်အရှင်ဇောတိက }
🙏 🙏 🙏
Virgo Virgo
.
. [ “သတိဖြင့်နေထိုင်ခြင်း”တရားတော် - ၁
မှ ပူဇော်ပါသည် ]