ဆ-72
* ငါ့ကိုငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ်ဆိုတာကို ကြောင့်ကျစိုက်နေဖို့ မလိုဘူး။
* ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများ ကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများ ဘာပြောပြော ခံနိုင်တယ်။
* သူများကို ဘယ်လိုလူစားလို့ပြောတာဟာ
ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့ ဖော်ပြနေတာနဲ့ တူတယ်။
* တကယ်ကြီးကျယ်တဲ့ ထိရောက်တဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှုအများဆုံးရတဲ့အလုပ် ကိုယ့်အချင်းအရည်တွေလဲ အများဆုံးထုတ်သုံးရတဲ့အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှားအဆိုးတွေကို တွေးဖို့ မသင့်ဘူး။
* ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင်
အထောက်အကူ မပေးနိုင်ဘူး။
* စိတ်ဓ်ာကျသွားရင် စိတ်အိုသွားတယ်
သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး
* ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘဝကို ရောင်းစားတာနဲ့ တူတယ်။
ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စိတ်ထားနဲ့ အရည်အချင်းကို ဖော်ပြနိုင်ရမယ်
( ဆရာတော် ဦးဇောတိက၏ အဆုံးအမ)