ဆ-47

0 0 0
                                    

ဆ-47
★"ကိုယ့်မှာ တခုခု ခံစားရတဲ့အခါမှာ"★
စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း
ပြောလို့ရတဲ့လူရှိရင် နည်းနည်းခံသာတယ်။
ကိုယ့်ရဲ့အထီးကျန်နေတဲ့ခံစားမှု
နည်းနည်း သက်သာသွားတာပေါ့။
ဒါပေမယ့် ဒီလောက်နဲ့တော့ မရသေးဘူးနော်။
တကယ် ရင့်ကျက်တဲ့ တရားအသိညဏ်ရှိမှ
အကောင်းဆုံးသက်သာမှုကို ရမှာနော်။
ဒါကြောင့် တရားဟာ_အကောင်းဆုံးဆေးပဲ။
စိတ်ညစ်တယ်၊ မပျော်ဘူး၊
စိတ်ဓါတ်ကျတယ်ဆိုရင်
ခဏသက်သာအောင်လုပ်တဲ့နည်းနဲ့
လုပ်လာတဲ့သူဟာ ရေရှည်မှာ
ခိုင်မာတဲ့ ရင့်ကျက်တဲ့ အသိညဏ်ကို
သူပြုစုပျိုးထောင်ဖို့ကို
အချိန်မပေးတဲ့အတွက်ကြောင့်
နောက်ဆုံး ခဏသက်သာအောင်
လုပ်လို့ရတဲ့နည်းနဲ့ လုပ်ပေမယ့်လည်း
မသက်သာတော့ဘဲ အချိန်ကျရင်
ဘာမှ လုပ်လို့မရတော့ဘူး။
နည်းနည်းလေးဖြစ်ဖြစ် စိတ်ထဲမှာ
စိတ်ညစ်တယ်၊ စိတ်ဓါတ်ကျတယ်ဆိုတဲ့
ခံစားမှုမျိုး ဖြစ်လာပြီဆိုရင်
ငါဟာ ရင့်ကျက်တဲ့စိတ်ထား၊
ရင့်ကျက်တဲ့အသိညဏ်၊
မြင့်မြတ်တဲ့စိတ်ထား၊
မြင့်မြတ်တဲ့အသိညဏ်ကို
#ရအောင်လုပ်ဖို့_အချိန်တန်ပြီလို့
#ကိုယ့်ကိုကိုယ်သတိပေးဖို့_လိုတယ်နော်။
အဲဒါက စောစောလုပ်နိုင်လေ ပိုကောင်းလေပဲ။
နည်းနည်းလေး စိတ်ညစ်စိတ်ဓါတ်ကျတာနဲ့
တရားနည်းနဲ့ ဖြေဖို့ များများကြိုးစားပါ။
ခဏသက်သာအောင်လုပ်တဲ့
နည်းတွေကို အားမကိုးပါနဲ့။
သူများကိုချည်းအားကိုးနေတာတွေ
Video တွေ Television တွေ
တခြားပျော်စရာနည်းတွေနဲ့
စိတ်သက်သာအောင်လုပ်တဲ့နည်းတွေက
တကယ် မထိရောက်ပါဘူး။
စိတ်ညစ်လာရင် အခွင့်အလမ်းတခု
ရလာပြီလို့ တွေးမိသလား။ မတွေးမိဘူးနော်။
အခွင့်အလမ်းတခု ရလာပြီလို့ သဘောထားပါတဲ့။
အဲဒါအရေးကြီးတဲ့အချက်ပဲ။
ဘယ်လို သဘောထားရမလဲဆိုတော့
ငါ့ရဲ့စိတ်နေသဘောထားနဲ့ အသိအမြင်
အတွေးအခေါ်တွေကို မြှင့်ဖို့
အခွင့်အလမ်း ရောက်လာပြီ။
မပြင်ရင် မဖြစ်ဘူးလို့ သတိပေးနေပြီ။
စိတ်ထားနဲ့ အသိဉာဏ်ကို
မြှင့်လိုက်လိုက်ပါတော့။
နဂိုစိတ်ထား၊ နဂိုအသိညဏ်နဲ့
နဂိုနေပုံထိုင်ပုံမျိုးအတိုင်း ဆက်နေသွားလို့
မရတော့ဘူးဆိုတာကို နားလည်လိုက်တော့။
နားလည် လက်ခံလိုက်ပြီးတော့
ကိုယ့်ဘဝကို ပိုပြီးတော့ ပြည့်ပြည့်ဝဝ
စိတ်ချမ်းသာအောင် နေနိုင်ဖို့ ကြိုးစားပါ။
ငြိမ်သက်မှု၊ အေးချမ်းမှုကို
မလိုချင်သေးဘူးဆိုရင်
ကိုယ့်အကျိုးစီးပွားကို
ကိုယ်တကယ်မသိသေးဘူးလို့
ပြောနိုင်တယ်နော်။
အဆိုးနဲ့ ကြုံတွေ့ရတဲ့အခါမှာ
တရားသဘောနဲ့ တရားအသိညဏ်နဲ့
အဆိုးကို ရှု့မြင်တယ်။ သုံးသပ်တယ်။
ဒီအဆိုးကြောင့်ကိုပဲ
❦ ပိုပြီးတော့ စိတ်ဓါတ်ရင့်ကျက်တဲ့သူ၊
❦ ပိုပြီးတော့ အသိဉာဏ်ကြီးတဲ့သူ၊
❦ ပိုပြီးတော့ သဘောထားကြီးတဲ့သူ၊
❦ ပိုပြီးတော့ ခံနိုင်ရည်ရှိတဲ့သူ ဖြစ်လာမှသာ
တကယ် #စိတ်ချမ်းချမ်းသာသာ_နေနိုင်တဲ့သူ ဖြစ်မယ်။
(ဆရာတော်ဦးဇောတိက)
( “မြင့်မြတ်မှု ပျောက်ဆုံးနေခြင်း” စာအုပ်မှ
ကောက်နှုတ်ရေးသားချက် ဖြစ်ပါသည်)
🇲🇲 #နှလုံးသားအာဟာရ #Heart_Arharya
🙏🏻 Click here if you love to read Dhamma more
⛳️ www.facebook.com/heartarharya

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now