ဆ-52
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ
စဉ်းစားပုံ တွေးခေါ်ပုံ
အရင်ကနဲ့ မတူတော့ဘူး။
တန်ဖိုးထားတာတွေ မတူတော့ဘူး။
အရင်တုန်းက ပစ္စည်းဥစ္စာ
အပေါင်းအသင်း အပျော်အပါး
ကျော်ကြားမှု ဂုဏ်ပကာသနကို
မက်မောတတ်တဲ့လူတွေက
စိတ်တကယ် ငြိမ်းချမ်းသွားတဲ့အခါ
အမှန်တရားတွေ သိသွားတဲ့အခါမှာ
အဲဒါမျိုးတွေက သိပ်ကလေးဆန်တယ်
ဆိုတာ အလိုလိုသိလာတယ်။
အဲဒါတွေဟာ အပေါ်ယံပဲဆိုတာကိုလည်း
ကောင်းကောင်းသိရှိသွားတယ်။
တရားအလုပ်ကို ပိုမြတ်နိုးပြီး
ကြိုးစားအားထုတ်ချင်လာကြတယ်။
အယူအဆမတူတာရှိလာပြီဆိုရင်
မျှမျှတတ ကြည့်တတ်လာတယ်။
ကိုယ့်ဘက်ကော သူ့ဘက်ကော
ထောင့်စေ့အောင်ကြည့်ဖို့
သဘောထားကြီးကြီး ထားတတ်လာတယ်။
ကိုယ်လိုသလို တစ်ဖက်သတ်အဓိပ္ပါယ်
မကောက်တော့ဘူး။
တစ်ကိုယ်ကောင်း မဆန်တော့ဘူး။
တစ်ဖက်သတ် အနိုင်မယူတတ်တော့ဘူး။
တစ်ခုခု ကြုံ ကြိုက်လာရင်
ချက်ချင်းပြန်ပြီးတော့ မတုံ့ပြန်တော့ဘူး။
သည်းခံနိုင်စွမ်းပြည့်သွားတယ်။
သူ့မှာ သတိရှိတယ်၊ ဥာဏ်ရှိတယ်၊
ချင့်ချိန်နိုင်တယ်။
သတိမပါ ဥာဏ်မပါဘဲနဲ့
မြင်တိုင်းကြားတိုင်း စိတ်က အလိုအလျောက်
တုံ့ပြန်နေသေးတယ် ဆိုရင်တော့
တကယ် လွတ်လပ်တဲ့သူ မဟုတ်သေးဘူး။
* ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
🙏🙏🙏
#crd🙏