ဆ-86

0 0 0
                                    

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်။လက်တွေ့ကျကျ ကျင့်သုံးကြည့်ရင် မိတ်ဆွေများအတွက် ကောင်းကျိုးရပါလိမ့်မည်။
ဆရာတော်ဦးဇောတိက(မဟာမြိုင် တောရ)၏အဆုံးအမလေးပါ။

စိတ်အေးအေးချမ်းချမ်းနေချင်ရင်
သူများအကြောင်းကို တတ်နိုင်သလောက်
မပြောပဲနေတာ ကောင်းတယ်။
အထူးသဖြင့် သူများမကောင်းကြောင်းကို
မပြောပဲနေတာ ကောင်းတယ်။

ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။
ကိုယ်က သူများမကောင်းကြောင်းကို ပြောရင်,
ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာသေချာတယ်။
အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။

ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲ ထားလိုက်တာက ပိုကောင်းတယ်။
ကိုယ်က သဘောထားကြီးကြီး ထားဖို့လိုတယ်။

🌿🌿🌿🌿🌿🌿🌿🌿🌿

စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့ မရောပါနဲ့။
အလုပ်များတဲ့သူဟာ တနေ့ တနေ့ လူတွေနဲ့ စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ ပြောချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲ ပြောပါ။
မဆိုင်တဲ့သူတွေကို မပြောပါနဲ့။

စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကို ပြောတတ်တဲ့သူကို ပြောရင်, ကိုယ်ပါ စိတ်ဓါတ် ကျမယ်။
စိုးရိမ်စိတ်တွေ များလာမယ်၊ စိတ်ပင်ပန်းမယ်။

ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊
အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။
ဒါကြောင့် ဘယ်သူနဲ့ တိုင်ပင်သင့်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။

🌿🌿🌿🌿🌿🌿🌿🌿🌿

အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။
အေးအေးဆေးဆေး လုပ်တတ်အောင် လေ့ကျင့်ပါ။

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now