ဆ-33

0 0 0
                                    

ဆ-33
ခေတ်လူငယ်တွေရဲ့ဘဝဟာ ပိုပြီးတော့ လှိုင်းတံပိုးထန်တယ်၊ပိုပြီးတော့ ကြမ်းတမ်းတယ်၊ဒါကိုအသေအချာသိနားလည်ပြီးတော့ ကိုယ့်မှာလိုအပ်တဲ့အရည်အချင်းတွေပြည့်အောင်ကြိုတင်ပြင်ဆင်ထားဖို့ အင်မတန်အရေးကြီးတယ်။
လူလူချင်း မလေးစားရင် လောကကြီးပျက်စီးသွားလိမ့်မယ်၊လူငယ်တွေကို မလေးစားဘူး၊လူငယ်တွေကို အထင်သေးမယ်၊လူငယ်တွေကို နေရာမပေးဘူး၊အသိအမှတ်မပြုဘူးဆိုရင် လူငယ်တွေရဲ့စိတ်မှာ နာကျည်းမှုတွေရှိလာပြီးတော့ လူကြီးတွေ မကျေနပ်တာကိုမှ ကြံကြံဖန်ဖန်လုပ်ချင်လိမ့်မယ်၊သူ့ဘဝကိုလည်းသူဖျက်ဆီးလိမ့်မယ်။
လောကကြီးကို တိုးတက်စေချင်တယ်၊ကောင်းစေချင်တယ်ဆိုရင် ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ တဦးကိုတဦးလေးစားပါ။
ပြဿနာဟာနေ့တိုင်းတွေ့ရမှာပါ၊ပြဿနာကို ဖြေရှင်းရတာဟာ ဘဝမှာ ပုံမှန်လုပ်နေသည့်အလုပ်ပါ၊ပြဿနာကို ကြောက်ပြီးတော့ တွေးပြီးတော့ စိတ်ညစ်နေဖို့မဟုတ်ဘူး၊ကိုယ့်မှာအရည်အချင်းရှိသလောက် လုပ်နိုင်သလောက်တော့လုပ်ပါ။
ဆရာတော်ဦးဇောတိက၏ စာအုပ်မှကူးယူဖော်ပြလိုက်ပါသည်။

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now