ဆ-7
❕အငြင်းအခုံ
လုပ်နေကြတာတွေဟာ
ထင်မြင်ချက်တွေပါ။
အမှန်တရားဟာ
ငြင်းခုံနေစရာ
မလိုတဲ့အရာ ဖြစ်တယ် •••
🔺 ကိုယ်သိထားတဲ့
#အကြာင်းအရာ
#တချက်နှစ်ချက်လေးနဲ့
#လူတယောက်ကို
#ဘယ်လိုလူပါလို့
#သတ်မှတ်ထားတာဟာ
#အင်မတန်ဥာဏ်နဲလို့ပါ•••
➖➖➖
😯 ကိုယ်က သူများကို
အပြစ်တင်ရှုံ့ချနေတာဟာ
သူဘယ်လိုလူလဲဆိုတာ
တကယ်တော့ သိပ်မပေါ်လွင်ဘူး၊
😯 ငါဘယ်လိုလူဆိုတာတော့
သေသေချာချာပေါ်လွင်သွားပြီ။
➖➖➖
❝ အသိဉာဏ် ရင့်ကျင့်တဲ့သူ ❞
✰ တကယ့်အသိဉာဏ်
ရင့်ကျက်သွားတဲ့သူဟာ
သူများနဲ့ နှိုင်းပြီး
ပြိုင်တဲ့စိတ်
မရှိတော့ဘူး။
ကိုယ်လုပ်နိုင်တာ
ကိုယ်လုပ်ပြီး
ကိုယ်ဟာကို
အေးအေးဆေးဆေး
နေသွားတာပဲ။
➖➖➖
အားလုံးဟာ အနတ္တပါလားလို့
တကယ်မြင်ရင်
ဘာရှေ့ဆက်စရာရှိသေးလဲ။
ဘာမှ ဆက်စရာမရှိတော့ဘူး။
အဲဒီမှာ လမ်းဆုံးသွားပြီ။
အားလုံးကို အနတ္တလို့မြင်ရင်၊
အားလုံးကို အနိစ္စလို့မြင်ရင်
ရှေ့ဆက်စရာဘာမှမရှိတော့ဘူး။
ဇာတ်လမ်းက အင်မတန်တိုတယ်။
ဇာတ်လမ်းတွေ ရှည်နေကြတာ
အတ္တကြောင့်ပါ။
➖➖➖
❝ သတိလေးနဲ့နေလိုက်ပါ ❞
❦ ဘဝကို အနှစ်သာရအပြည့်နဲ့
ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင်
လောကကြီးကို
အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုချင်ရင်
အေးချမ်းတည်ငြိမ်ပြီး
ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင်
ကိုယ့်အချိန်တွေကို
အထိရောက်ဆုံး အသုံးချချင်ရင်
အချိန်တိုင်း အချိန်တိုင်း
တခဏတိုင်း တခဏတိုင်းကို
သတိလေးနဲ့ နေလိုက်ပါ။
【ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)】
❁ အပ်ပမာဒနေ သမ်မာဒထေ ❁
✿ရွှင်လန်း✿ချမ်းမြေ့✿ပါစေ✿
Credit -
ဓမျမ၏ အရသာ