ဆ-4
ဖြစ်ခွင့်ပြုလိုက်ပြီလား
~~~~~~~~~~~~
You don't react automatically.
တခုခုကြုံကြိုက်လာရင်
ချက်ချင်းပြန်ပြီးမတုံ့ပြန်ဘူး။
သူများကလာဆဲတယ်၊ပြန်မဆဲဘူး၊
အေးအေးဆေးဆေးသတိလေးနဲ့
နားထောင်နေတယ်၊
automatically reactမလုပ်ဘူး။
စက်ကလေးတခုရှိတယ်ဆိုပါတော့၊
computerလို့ပဲဆိုပါတော့။
သူ့ခလုတ်ကိုတချက်နှိပ်တာနဲ့ချက်ချင်း
သူအလုပ်တခုကိုလုပ်လိုက်တယ်၊
ဒီ computer မှာရွေးချယ်တဲ့သဘော
မရှိတော့ဘူး။
choice ဆိုတာမရှိတော့ဘူးနော်။
ခလုတ်တခုနှိပ်တာနဲ့
ဘာလုပ်ရမလဲ မစဉ်းစားနိုင်ဘူး၊
လုပ်သင့်မလုပ်သင့်
သူမစဉ်းစားနိုင်ဘူး၊
လုပ်ပြီးသား ဖြစ်သွားတယ်နော်။
လူတွေဟာလည်း ဒီလိုပဲ။
မြင်တာနဲ့တခုခု react လုပ်လိုက်တယ်၊
ကြားတာနဲ့ တခုခုလုပ်လိုက်တယ်၊
ချက်ချင်းဖြစ်သွားတာ၊အချိန်မဆိုင်းဘူး၊
အဲသလိုလုပ်တဲ့သူဟာ
သင့်တော်သလား?မသင့်တော်ဘူးလား?
ဆိုတာကိုချင့်ချိန်စဉ်းစားတတ်တဲ့ဉာဏ်
အဲဒီအချိန်မှာမဖြစ်လိုက်ဘူး။
နောက်မှသူနောင်တရချင်ရမယ်နော်။
ဒါကြောင့်ချက်ချင်းတုံ့ပြန်တတ်တဲ့သူဟာ
ချင့်ချိန်စဉ်းစားတတ်တဲ့ဉာဏ်မရှိဘူး၊
လွတ်လပ်မှုလည်းသူ့မှာမရှိဘူး၊
ဒါကြောင့် အလိုအလျောက်
တုံ့ပြန်တတ်တဲ့သူဟာ လွတ်လပ်မှုမရှိဘူး။
ကိုယ့်ကိုယ်ကိုလွတ်လပ်သူလို့ခေါ်မလား?
မလွတ်လပ်တဲ့သူလို့ခေါ်မလား?
အကယ်၍သာ သတိမပါ,ဉာဏ်မပါဘဲနဲ့
မြင်တိုင်းကြားတိုင်းစိတ်က
အလိုအလျောက်တုံ့ပြန်နေမယ်ဆိုရင်တော့
လွတ်လပ်တဲ့သူမဟုတ်ဘူး။
မြင်တဲ့အခါမှာသိနေတယ်၊
ကြားတဲ့အခါမှာသိနေတယ်၊
စိတ်ကအလိုအလျောက်မတုံ့ပြန်ဘူး၊
ပြီးမှလုပ်သင့်တာကို
အေးအေးဆေးဆေးလုပ်သွားတယ်၊
ပြောသင့်တာကိုအေးအေးဆေးဆေး
ပြောသွားတယ်ဆိုရင်
သူ့မှာ သတိရှိတယ်၊ဉာဏ်ရှိတယ်၊
ချင့်ချိန်နိုင်တယ်၊
သူ့မှာလွတ်လပ်မှုရှိနေတယ်။
အဲဒါကို ကိုယ်တိုင်ခံစားလို့တောင်
ရတယ်နော်။
သတိရှိနေတဲ့သူ၊ဉာဏ်ရှိနေတဲ့သူဟာ
စိတ်ထဲမှာလွတ်လပ်တယ်ဆိုတဲ့
ခံစားမှု ရှိနေတယ်။
ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)
🙏🙏🙏🙏🙏🙏🙏🙏🙏
("အခွင့်အရေးနှင့်တာဝန်"
တရားတော်မှကောက်နုတ်ပူဇော်ပါ၏)
Crd Khin Ayesan