ဆ-17

0 0 0
                                    

ဆ-17
★#ငါကကောင်းတယ်_သူကမကောင်းဘူး
#ဆိုပြီးတော့လည်း_မတွေးချင်ပါဘူး။
#အဲ့လိုတွေးလိုက်ရင်ပဲ_မာနဖြစ်သွားတယ်။★
အခုဘဝမှာ၊ အခုအချိန်မှာ မကောင်းတာကို
မလုပ်ဘဲနေရုံနဲ့ မပြီးသေးဘူး။မလုံလောက်သေးဘူး။
မာနကြီးလို့လည်း မဖြစ်ဘူး။ ဒါကြောင့်
သူတပါးလွဲတာ၊ မှားတာကို ကြည့်ပြီးတော့
အရမ်းကြီးအပြစ်မတင်သင့်ဘူး။
သူကမဟုတ်တာ လုပ်နေတယ်။
ငါကမဟုတ်တာမလုပ်ဘူးလို့
ဒီလိုတွေးပြီးတော့ ကိုယ့်ကိုကိုယ်
ငါကသူ့ထက်ကောင်းတဲ့သူ ဆိုပြီးတော့
နှိုင်းယှဉ်ပြီးတော့ တွေးလိုက်တယ်ဆိုရင်ပဲ
#မာနဖြစ်သွားမယ်။
ဒီဘဝမှာ မကောင်းမှုကို မလုပ်ခဲ့ပေမယ့်
အတိတ်ဘဝက မလုပ်ခဲ့ဘူးလို့ ပြောလို့ရမလား။
မရဘူးနော်။ ဘဝများစွာ သံသရာအရှည်ကြီးမှာ
မကောင်းမှု၊ အကုသိုလ်၊ ဒုစရိုက်တွေကို
မလုပ်ခဲ့ဘူးတဲ့သူရယ်လို့ တကယ်တော့
တယောက်မှ မရှိဘူး။ ကြားဖူးမှာပါ..။
ဘုရားအလောင်းတော်တွေတောင်မှ
မကောင်းမှု ဒုစရိုက်တွေ လုပ်ခဲ့ဖူးတယ်တဲ့။
စာထဲမှာ တွေ့ရတယ်။ အဲဒီအကုသိုလ်ရဲ့
အကျိုးကိုလည်းပဲ ဘဝပေါင်းများစွာ ခံရတာပဲ။
အဲဒီတော့ အခုဘဝမှာ ခဏလောက်ကောင်းရုံနဲ့
ကိုယ့်ကိုကိုယ် တော်လှပြီဆိုပြီးတော့
မာနကြီးလို့မဖြစ်ဘူးနော်။ စိတ်မချရသေးဘူး။
နောက်ထပ်ဘဝတွေမှာ မကောင်းမှု ဒုစရိုက်တွေကို
ဘယ်တော့မှ လုပ်မယ့်သူ မဟုတ်တော့ဘူးလို့
ကိုယ့်ကိုကိုယ် ပြောရဲသလား..။ မပြောရဲဘူး။
မဂ်ဖိုလ်နိဗ္ဗာန်ကိုမှ မျက်မှောက်မပြုသေးဘူးဆိုရင်
ဘဝမှာပဲ ကျင်လည်နေရမယ်ဆိုရင်တော့
တနေ့မဟုတ် တနေ့တော့ လုပ်မိမှာပဲ။
အဲဒီအန္တရယ် အဲဒီအလားအလာတော့ ရှိနေတယ်။
ကိုယ့်စိတ်ထဲမှာ လစ်ရင်လစ်သလို လောဘတွေ၊
ဒေါသတွေ၊ မာနာတွေ၊ က္ကုဿမစ္စဆရိယတွေက
ဖြစ်မနေဘူးလား..။ ဖြစ်နေတယ်နော်။
အဲဒါတွေက ကိုယ့်ကို မကောင်းတာ၊
မမှန်တာ၊ မတရားတာ၊ မဟုတ်တာတွေကို
လုပ်ဖို့ကိုရော တိုက်တွန်းမနေဘူးလား..။
တိုက်တွန်းတယ်နော်။
ကိုယ့်စိတ်မှာ လောဘတို့ ဒေါသတို့ မာနတို့
မောဟတို့ က္ကုဿမစ္စရိယတို့ ရှိနေတဲ့အခါမှာ
သူတို့ကို သတိနဲ့ မကြည့်တတ်လို့ရှိရင်
တချိန်မဟုတ် တချိန်တော့
မလုပ်သင့်တာ လုပ်မိတော့မှာပဲ။
အတွင်းမှာ ဖြစ်တတ်တဲ့ လောဘ၊
ဒေါသ၊ မောဟ၊ မာန၊ က္ကုဿမစ္စရိယဆိုတဲ့
အကုသိုလ်အလုပ်ကို လုပ်ဖို့ရာ တိုက်တွန်းတတ်တဲ့
မကောင်းတဲ့စိတ်တွေကို သတိထားဖို့
မျက်ခြေအပျက်မခံဖို့ဟာ အရေးကြီးတယ်။
သူတို့လွှမ်းမိုးမိသွားရင် လစ်ရင်လစ်သလို
မကောင်းတာ ကြံမိ၊ ပြောမိ၊ လုပ်မိ သွားတတ်တယ်။
အဲဒီတော့ အခုချိန်မှာ မကောင်းမှုကို
မလုပ်ဘဲ နေတယ်ဆိုရုံနဲ့ စိတ်ချရပြီလား။
စိတ်မချရသေးဘူးနော်။ တပည့်တော်တို့
မကောင်းမှုဒုစရိုက် မလုပ်ပါဘူးဘုရားဆိုရင်တော့
သိပ်ဝမ်းသာတာပါပဲ။ ကောင်းလိုက်တာ။
တကယ်လောဘ၊ ဒေါသ၊ မောဟ၊ မာန၊
က္ကုဿမစ္စရိယ ဆိုတဲ့ ကိလေသာတွေ
လုံးလုံးကင်းသွားပြီလားဆိုတော့ မကင်းသေးဘူး။
မကင်းသေးဘူးဆိုတော့ အကြောင်းရှိတဲ့အခါ
သူတို့ထကြွလာရင် ဘယ့်နှယ့်လုပ်မလဲ။
မကောင်းမှုကို လုပ်မိမှာပဲ။
အဲဒီ အန္တရယ်က အမြဲရှိနေတယ်နော်။
သတိရှိတဲ့သူ၊ တရားအားထုတ်တဲ့သူ၊
သီလစောင့်ထိန်းတဲ့သူ ဆိုရင်တော့
ဒီလောဘစိတ်၊ တိုက်တွန်းတာကို
#အလိုမလိုက်ဘူး။ #သူ့ကိုသေချာကြည့်မယ်။
ရိုးရိုးသားသား ရသင့်တဲ့ကိစ္စဆိုရင်တော့
ရိုးရိုးသားသား ရအောင်တော့ လုပ်လိုက်မယ်။
ဒါလည်းပဲ လောဘနဲ့လုပ်တာပဲ။ သို့သော်
အဲဒါက သမ္မာအာဇီဝ ဖြစ်သေးတယ်။
အကောင်းဆုံးနည်းနဲ့ ရအောင်လုပ်တာကိုး။
ဒီဒေါသစိတ်တို့၊ က္ကုဿမစ္စရိယစိတ်တို့က
တိုက်တွန်းတဲ့ သူတပါးကို ဖျက်ဆီးတာ၊
နှောက်ယှက်တာ၊ အပြစ်ရှာတာ၊
ရန်ရှာတာတို့ကိုလည်း အလိုမလိုက်ဘူး။
အဲဒီလို ကိုယ့်စိတ်မှာဖြစ်တဲ့ လောဘ၊ဒေါသကို
အကယ်၍ မရှုနိုင်ဘူး။ မသိနိုင်ဘူး။
မထိန်းနိုင်ဘူးဆိုရင် လောဘ၊ ဒေါသ
မတရားကြီးလာလို့ရှိရင် ကိုယ်ကိုတိုင်က
မတရားတာ၊ မမှန်တာ၊ အကုသိုလ်ဒုစရိုက်ကို
လုပ်မိတော့မယ်နော်။ အဲဒီလို လုပ်မိလို့ရှိရင်
ကိုယ်ကိုတိုင်က လူမိုက်ဖြစ်ပြီ။
အပြင်က လူမိုက်က သွားလေရာ
ကိုယ့်နောက်ကို မလိုက်နိုင်ဘူး။
ကိုယ့်စိတ်မှာဖြစ်တတ်တဲ့
လောဘ၊ ဒေါသဆိုတဲ့ ကိလေသာတွေက
ကိုယ်ဘယ်သွားသွား ကိုယ်နဲ့အတူတူ ပါနေမှာပဲ။
အဲဒီတော့ အပြင်ကလူမိုက်ကို ရှောင်ရတာလွယ်ပေမယ့်
အတွင်းမှာ ကိုယ့စိတ်ထဲမှာ ကိုယ့်ကိုလူမိုက်ဖြစ်စေနိုင်တဲ့
အကြောင်းတရားတွေကိုကျတော့
ရှောင်ဖို့တော်တော်ခက်တယ်။
အတွင်းလူမိုက်က အချိန်မရွေး ဒုက္ခပေးနိုင်တယ်။
ဒါကြောင့် ကိုယ်က
ကိုယ့်စိတ်ကို ကြည့်တတ်တဲ့
အလေ့အကျင့်ကို လုပ်မှဖြစ်မယ်။
#ငယ်ငယ်ကတည်းကလုပ်လေ_ပိုအကျိုးရှိလေပဲ။
အခုစပြီး လုပ်လိုက်ပါတော့။
သီလစောင့်ထိန်းဖို့ရာ အချိန်တန်ပါပြီ။
ကိုယ့်စိတ်ကို စောင့်ကြည့်တဲ့
#သတိပဋ္ဌာန်တရား
အားထုတ်ဖို့ အချိန်တန်ပါပြီ။
ဆရာတော်ဦးဇောတိက
(“မင်္ဂလာတရားတော်” စာအုပ်မှ
ကောက်နှုတ်ရေးသားလှူဒါန်းခြင်း ဖြစ်ပါသည်။)

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now