ဆ-1

7 0 0
                                    

ဆ-1
☸“ကျန်းမာရေး”☸
********************
ကျန်းမာရေးလို့ ပြောတဲ့အခါမှာ
ဒီခန္ဓာကိုယ်မှာ ရောဂါမရှိတာလောက်ကို
ကျန်းမာရေးလို့ ပြောလို့မရဘူး။
● တကယ့်ကျန်းမာရေးအစစ်ကို ပြောရမယ်
ဆိုရင် ဘ၀တစ်ခုလုံး အဆင်ပြေအောင်
နေနိုင်တယ် ဆိုတာပါမှ ရတယ်။
အဲဒီ အထဲမှာ “ဆက်ဆံရေး” ပါပါလာတယ်။
● ဒီလောကကြီးဟာ ဆက်စပ်နေတယ်နော်။
အဲဒီဆက်စပ်မှုဆိုတဲ့ သဘာ၀ကို
နက်နက်နဲနဲနားလည်ဖို့ အင်မတန် အရေးကြီးတယ်။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသဲတို့၊နှလုံးတို့၊အဆုတ်တို့၊
ဦးနှောက်တို့ဟာ တစ်ခုနဲ့တစ်ခု အပေးအယူရှိမှ
ညှိပြီးအလုပ်လုပ်မှ ခန္ဓာကိုယ်ကျန်းမာသလို၊
ပတ်၀န်းကျင်နဲ့အပြန်အလှန် အပေးအယူရှိပြီး
ညှိပြီးလုပ်မှ ၊နေမှ “ဘ၀” ကျန်းမာတယ်။
လူတစ်ယောက်ဟာ သူ့အတွက် အရေးကြီးတဲ့
ကိုယ်စွမ်းကိုယ်စတွေ၊အလားအလာတွေ၊
အရည်အချင်းတွေကို အကောင်အထည်ဖော်ဖို့အရေးမှာ
မအောင်မြင်လို့ရှိရင် အဲဒီလူဟာမကျန်းမမာဖြစ်မယ်။
ကိုယ့်အရည်အချင်းတွေ၊ကိုယ့်ပါရမီဓာတ်ခံတွေ၊
ကိုယ့်စွမ်းရည်သတ္တိတွေကို အကောင်အထည်
ဖော်လိုက်ရင် ဖော်လိုက်သလောက်ပဲ
လူသားတွေအနေနဲ့ ရရှိခံစားနိုင်တဲ့
စိတ်ကျေနပ်မှုထဲမှာ အလေးနက်ဆုံး
ကျေနပ်မှုမျိုးကို ခံစားရမယ်။
The ability to manage job stress is
an important step to becoming
a healthier person.
“အလုပ်မှာတွေ့ကြုံရတဲ့ ပင်ပန်းမှုကို
ခံနိုင်ရည်ရှိအောင် လုပ်နိုင်တာဟာ
ကျန်းမာရေး ပိုကောင်းဖို့ အရေးကြီးတဲ့အဆင့်၊
အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။
ဘယ်လိုအခက်အခဲ ဖြစ်လာ ဖြစ်လာ
အဲဒီ အခက်အခဲဖြစ်လာတာဟာ
“ငါ့အကြောင်းကိုငါ ပိုပြီး သိလာအောင်လုပ်ဖို့
အခွင့်အရေးတစ်ခုပဲ။
ငါ့ကိုယ်ငါ စိတ်ထားရော၊အသိဉာဏ်ပါ
ပိုပြီးတော့ ရင့်ကျက်တဲ့လူ ဖြစ်လာအောင်လို့
အခွင့်အရေးပဲ” ဆိုတာကို နားလည်ပြီးတော့
အသုံးချသွားတဲ့လူဟာ ကြာလေလေ ပိုပြီးတော့
လေးနက်တဲ့သူ၊ရင့်ကျက်တဲ့သူ၊
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့လူဖြစ်ပြီးတော့
အခက်အခဲလည်းနည်းသွားတဲ့လူ ဖြစ်လိမ့်မယ်။
ခန္ဓာကိုယ်လည်းပဲ ကျန်းမာရေး ပိုကောင်းလာမယ်။
စိတ်လည်းပဲ ကျန်းမာရေးပိုကောင်းလာမယ်။
ကိုယ့်ဘ၀မှာ ကောင်းတာတွေဖြစ်လာဖို့
ကိုယ်ကိုယ်တိုင်က တာ၀န်ယူပြီးမလုပ်ဘဲနဲ့
ဖြစ်လာမှာမဟုတ်ပါဘူး။
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။
ကိုယ့်ဘ၀မှာ စိတ်ကြည်လင်မှု၊
ရွှင်လန်းမှု၊ပျော်ရွှင်မှု၊အေးချမ်းမှုရှိဖို့နဲ့
ကိုယ့်ရဲ့ကျန်းမာမှုအတွက် ကိုယ့်ရဲ့စိတ်အခြေအနေ
သဘောထားက အရေးကြီးဆုံး ဖြစ်ပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏
“တွေးမိတိုင်းပျော်တယ်” မှ- ကူးယူ
ပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now