…ဆ-62
🌿#ကိုယ်လုပ်တာ_ကိုယ့်မှတ်တမ်း 🌿…
🔹 ကိုယ်ကျိုးတော့
ထိခိုက်အောင် မလုပ်ဘူး၊
သူများအကျိုးပဲ
ထိခိုက်အောင် လုပ်မယ် ဆိုပြီး
#တစ်ဦးတည်းအကျိုးကို
#ထိခိုက်အောင်လုပ်လို့မရဘူးနော်။
သူ့အကျိုး,
ထိခိုက်အောင် လုပ်လိုက်ကတည်းက
ကိုယ်ဟာ,
မကောင်းတာလုပ်တဲ့သူတစ်ယောက်
ဖြစ်သွားပြီ၊
ကိုယ့်အကျိုးကို ထိခိုက်သွားပြီ၊
#ကိုယ့်မှာ_အကုသိုလ်ဖြစ်သွားပြီနော်။
နည်းနည်းလောက် ဆိုရင်တော့ …
သည်းခံလိုက်ကြတယ်၊
ခွင့်လွှတ်လိုက်ကြတယ်။
သို့သော် … … …
ဘယ်သူတွေ
ဘယ်လောက် သည်းခံသည်းခံ၊
ဘယ်သူတွေ
ဘယ်လောက် ခွင့်လွှတ် ခွင့်လွှတ်၊
ကိုယ့်စိတ်ထဲမှာတော့
အဲဒီမှတ်တမ်းကလေး ရှိနေတယ်။
#အကျိုးကတော့ပေးမှာပဲ။
#နောက်အဓိပ္ပာယ်တစ်ခုက …
ယခုမျက်မှောက်ဘဝ အကျိုးကိုလည်း
ဖျက်ဆီးတယ်၊
နောင်သံသရာ အကျိုးကိုလည်း
ဖျက်ဆီးတယ်။
#သေသေချာချာစဉ်းစားပါ၊
မိမိအကျိုး သူတပါးအကျိုး နှစ်ခုစလုံး
ဆက်စပ်နေတယ်။
မိမိအကျိုးကို တကယ်လုပ်မယ်ဆိုရင်
သူတပါးအကျိုးကိုပါ
လုပ်ပြီး ဖြစ်သွားတယ်၊
သူတပါးအကျိုးကို
တကယ် ထိထိရောက်ရောက်
လုပ်မယ်ဆိုရင် … မိမိအကျိုးပါ လုပ်ပြီးသား
ဖြစ်သွားတယ်နော်။
.
.
. { မဟာမြိုင်တောရဆရာတော်အရှင်ဇောတိက }
🙏 🙏 🙏
Virgo Virgo
.
. [ “မင်္ဂလာတရားတော်”မှ ပူဇော်ပါသည် ]