ဆ84

0 0 0
                                    

သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့ စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသစိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာ၀နဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့စိတ်အနေနဲ့့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

အဲဒီဒေါသစိတ်ကို ငါ့စိတ်လို့ မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင် ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီးဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။

@@  ကိလေသာအကြောက်ဆုံး အရာက အနတ္တဉာဏ်နဲ့ အေးအေးဆေးဆေးကြည့်တာပဲ။

အေးအေးဆေးဆေး ကြည့်နိုင်ရင် ကိလေသာဟာ စိတ်၀င်စားစရာ အင်မတန်ကောင်းတာကိုတွေ့ရတယ်။
ကိလေသာဟာ မဟုတ်တာကို အဟုတ်လို့ ထင်အောင် အမျိုးမျိုး ဖန်တီးပြနိုင်တယ်။

ဒါကြောင့် ပယ်ဖို့ထက် သိဖို့ ပိုအရေးကြီးတယ်။ ကိုယ့်မှာ ကိလေသာကင်းသလား၊ မကင်းဘူးလားဆိုတာ သူများကို သွားမမေးပါနဲ့၊
အချိန်တန်တော့ သူ့ဟာသူ ပြပါလိမ့်မယ်နော်။ လောကဓံတရားက စာမေးပွဲစစ်ပေးမယ်။

ကိုယ့်မှာ ဣဿာမစ္ဆရိယဖြစ်တာကို ဖြစ်မှန်းသိလိုက်ရတာ အကျိုးအင်မတန်များပါတယ်နော်။

ကိုယ့်ချို့ယွင်းချက်ကို မသိဟန်ဆောင်ထားတာ ဖုံးထားတာဟာ အမှန်တော့ ကိုယ်ပဲ ထိခိုက်တယ်၊နစ်နာတယ်။

လောဘဟာ ကလေးဆန်တယ်။ ဒေါသဟာ သိပ်ကလေးဆန်တယ်။ မာန ဣဿာ မစ္ဆရိယ စသည် သူတို့ မရှိတဲ့အခါမှာ တကယ့်ကို ရင့်ကျက်မှု အပြည့်ရှိနေတာပဲ။
ဒါကြောင့် ကိုယ့်ကိုယ်ကိုရင့်ကျက်မှုရှိလာအောင် တကယ်အသိဉာဏ်ရှိတဲ့လူကြီးဖြစ်လာအောင်ဆိုရင် သတိနဲ့နေမှ ဖြစ်တော့မှာ။

လောဘ၊ ဒေါသ၊ မာန၊ မနာလို၀န်တိုမှု၊ ယုံမှားသံသယဖြစ်မှု၊ စိတ်ပျံ့လွင့်မှု၊ ထိုင်းမှိုင်းတွေဝေမှု စတာတွေဟာ ရန်သူစိတ်တွေပဲ။

&& ကိလေသာအကြောက်ဆုံးဟာ သူ့ကို ရန်လုပ်တာမဟုတ်ဘူး။

ကိလေသာရဲ့သဘောက ငါနဲ့ပေါင်းစပ်မိရင် အင်အားပိုပြီး ကြီးတတ်တယ်။ ကိလေသာဟာ အတ္တရဲ့အကူအညီကို မရရင် အားနဲသွားတယ်။

ဘယ်လိုကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယဒိဋ္ဌိရဲ့ အထောက်အပံ့ကို မရရင် သူ သိပ်အားမကြီးဘူး။
ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ပြေသွားတယ်။

ဒါကြောင့် လောဘ၊ ဒေါသ၊ မာန၊ မနာလို၀န်တိုမှုတွေကို အနတ္တအဖြစ်နဲ့မြင်ရင် သူ အင်အားနဲပြီးတော့ နောက်ဆုတ်သွားမှာပါ။

ပြီးတော့ သူ့ဆီက ပညာနဲ့ အသိဉာဏ်လည်း ရလိုက်မယ်။ သူက ကိုယ့်ကို ပညာအသိဉာဏ်တွေ ပေးသွားတာပဲ။ ဒါကြောင့် စိတ်ဓါတ် ခိုင်မာလာတယ်။ အတွင်းမှာ အင်အားတွေ ရှိလာတယ်။
အင်မတန် ရင့်ကျက်တည်ငြိမ်တဲ့သူ ဖြစ်လာတယ်။

ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ၊ ကျောက်တွေ၊ သံတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်ကို ပြင်ပရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်၊ ကိုယ့်စိတ်ထဲကို အမြဲ၀င်နေတဲ့ ကိလေသာရန်သူကိုတော့ ၀ငျမလာအောငျ အကာအကွယ် မပေးနိုင်ပါဘူး။
ကိလေသာရန်သူ စိတ်ထဲကို ၀ငျမလာအောငျ သတိ၊ သမာဓိ၊ ဉာဏ်ပညာကသာ ကာကွယ်နိုင်တာပါ။ ပြင်ပကရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာ ကောင်းပါတယ်။

        

ဆရာတော်ဦးဇောတိက
  ( မဟာမြိုင်တောရ )

တွေးမိတိုင်း ပျော်တယ် 
  စာအုပ်မှ

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now