ဆ-15
#ကိုယ်ပိုင်ဥာဏ်နဲ့ မစဉ်းစားနိုင်တဲ့သူဟာ
တောင်ပံကျိုးနေတဲ့ငှက်နဲ့ တူတယ်။
အတောင်ရှိပေမယ့် မပျံနိုင်ဘူး။
#တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။
တချို့ငယ်ငယ်လေးကတည်းက ကိုယ့်ဥာဏ်နဲ့ကိုယ်
စဉ်းစားခွင့်၊ ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ခွင့်မရခဲ့လို့
တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ
အဲဒီတောင်ပံက ပြန်ကောင်းမလာတော့ဘူး။
ဒါကြောင့် တသက်လုံး တောင်ပံကျိုးနေတဲ့ ငှက်လိုဘဝမှာပဲ နေရတော့တယ်။
ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊ပေးသမျှကို ယူတဲ့သူ ဖြစ်မယ်။
#ပြောသမျှကို ယုံ၊ ခိုင်းသမျှကို လုပ်၊
ပေးသမျှကို ယူတဲ့သူကို တပည့်မွေးချင်သူတွေ
များတယ်။ "ဟုတ်ရဲ့လား၊ ဘာဖြစ်လို့ လုပ်ရမှာလဲ၊
လုပ်သင့်ရဲ့လား၊ ဒီလိုလုပ်တာ တရားရဲ့လား၊
မျှတမှုရှိရဲ့လား၊ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး"လို့
ဆိုတဲ့သူကို တပည့်ကောင်းလို့ မယူဆဘူး။
*************************
#အဲဒီလိုလူဟာ_တပည့်မဖြစ်ဘူး။
#တပည့်မဖြစ်ရင်_ဘာဖြစ်မလဲ၊
#အဲဒါကို_ဆက်ပြီး_စဉ်းစားပါ။
*************************
#ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
#Posted_by_Words_of_Buddha