ဆ-35

0 0 0
                                    

"ဆ-35
ငွေနဲ့ ကြွားတဲ့သူ အိမ်နဲ့ ကြွားတဲ့သူ
ကားနဲ့ ကြွားတဲ့သူ ပစ္စည်းနဲ့ ကြွားတဲ့သူ စိန်တွေရွှေတွေနဲ့ ကြွားတဲ့သူဟာ "
-
တကယ်လူချမ်းသာ မဟုတ်သေးဘူး။ တကယ် ချမ်းသာတဲ့သူဟာ သူချမ်းသာတာကို မေ့ထားလို့ ရသွားပြီ။
ပြည့်စုံနေတဲ့စိတ် ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို မေ့ထားလိုက်ပြီ။
ထမင်းဝနေတဲ့သူဟာ ထမင်းစားဖို့အကြောင်းကို မတွေးတော့ဘူး။ထမင်းစားပြီးပေမဲ့ ထမင်းအကြောင်းကိုပဲ တွေးနေသေးတယ်ဆိုရင်
ဘယ်လို ယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။ ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်းကိုပဲ တွေးနေရင် သူ့စိတ်က မွဲနေသေးလို့။
သူဟာ မလွတ်လပ်သေးဘူး။ ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။
တကယ် ရာထူးကြီးကြီးနဲ့ တန်တဲ့သူဟာ ရာထူးအကြောင်းကို မတွေးတော့ဘူး။ သူနဲ့မတန်တဲ့ ရာထူးကို ရထားတဲ့သူဟာ သူ့ရာထူးအကြောင်းကို သူ မေ့လို့မရဘူး။ ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး သူ့ကို စကားပြောနေမှ သူကျေနပ်တယ်။ သူ့ရာထူးကို
မခေါ်ပဲ သူ့နာမည်ကို ခေါ်တဲ့သူကို သူ ရန်ညိုးထားတော့မယ်။
သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာတော့ သူ ရာထူးကို မေ့သွားပြီ။ တာဝန်ကျေအောင်တော့ လုပ်မယ်။ ဒါပေမဲ့ အဲဒီရာထူးကို အဓိကမထားတော့ဘူး။ အဲဒီလိုလူမှ ရာထူးနဲ့ တန်တဲ့သူ ဖြစ်သွားပြီ၊
သူ့အလုပ်ကို သူ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နိုင်ပြီ။ ဒါပေမဲ့ အဲဒီလိုလူက သိပ်ရှားပါတယ်။
လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာကို
အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လူသိအောင် မကြွားဘူး။
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ)

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now