ဆ-60

0 0 0
                                    

ဆ-60
စားစရာမရှိလို့ စိတ်ဆင်းရဲတယ်ဆိုရင် နားလည်နိုင်ပါတယ်။ ၀တ်စရာမရှိလို့ စိတ်ဆင်းရဲတယ်ဆိုရင်လည်း နားလည်နိုင်ပါတယ်။ နေစရာမရှိလို့ သူ့မှာ စိတ်ဆင်းရဲခြင်းဖြစ်နေတယ်ဆိုရင်လည်း နားလည်နိုင်ပါသေးတယ်။
သို့သော် လူတော်တော်များများမှာ စားစရာလည်း ရှိပါတယ်။ နေစရာကောင်းကောင်းမွန်မွန်လည်း ရှိပါတယ်။ ၀တ်စရာ‌ တွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် စိတ်မချမ်းသာဘူး။ ငါ့မှာ စားစရာလည်းရှိတယ်၊ ၀တ်စရာလည်းရှိတယ်၊ နေစရာလည်းရှိတယ်။ ငါဘာလို့ စိတ်ဆင်းရဲနေတာလဲ။
ဘယ်သူကနှိပ်စက်နေတာလဲ။ ကိုယ့်စိတ်က ကိုယ့်ကို နှိပ်စက်နေတာပါ။ အဲဒီတော့ စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှဖြစ်မယ်။ လောလောဆယ် နှိပ်စက်နေတာကြီး မပျောက်ခင်မှာ နှိပ်စက်နေမှန်း အသေးစိတ်သိဖို့လိုတယ်။ ဘယ်လောက်ထိအောင် အသေးစိတ် နှိပ်စက်နေလဲဆိုတာ သိဖို့လိုတယ်။
စိတ်၀င်စားမှုရှိဖို့လိုတယ်။ ဒါကြောင့် ခဏခဏ Quote လုပ်တာလေးတစ်ခုရှိတယ်။ When you understand mind, you are not at its mercy. တဲ့။ စိတ်ကိုသိလို့ရှိရင် စိတ်ရဲ့လွှမ်းမိုးမှု နှိပ်စက်မှု ခြယ်လှယ်မှုကို မခံရတော့ဘူး။
စိတ်ကိုမသိလို့ရှိရင် သူနှိပ်စက်သမျှ လွှမ်းမိုးသမျှ ခြယ်လှယ်သမျှ ဧကန်မုချ ခံရမှာပဲ။ သေသည်ထိအောင် နှိပ်စက်မှာ။ အဲဒီတော့ သေခါနီး နောက်ဆုံးအချိန်အထိအောင် မနှိပ်စက်အောင်ဆိုရင် သူ့သဘာ၀ကို သေသေချာချာသိဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ နေတတ်ရင် စိတ်ချမ်းသာမယ်။ စိတ်ထားတတ်ရင် စိတ်ချမ်းသာမယ်။ အသိဉာဏ်နဲ့ နေတတ်ရင် အများကြီး သက်သာရာရမယ်။
လူတွေဟာ စိတ်ချမ်းသာမလားဆိုပြီး အမျိုးမျိုး ရှာကြံလုပ်ကြတယ်။ ဘယ်ဟာမှ တကယ်နက်နက်နဲနဲ အတွင်းကျကျ စိတ်ချမ်းသာမှု မပေးနိုင်ဘူး။ ဘယ်ဟာရရ ခဏလေးပဲ စိတ်ချမ်းသာတယ်။ အဆင်မပြေမှုဟာ တစ်ခုပြီး တစ်ခုပေါ်နေမှာပဲ၊၊ အဆင်မပြေမှုဆိုတာ လောကရဲ့ သဘာ၀ပဲ။ လောကကြီးဟာ ဘယ်တော့မှ perfect မဖြစ်နိုင်ဘူး။
ဒီလိုဖြစ်နေတဲ့ သဘာဝတွေကို ဉာဏ်နဲ့ယှဉ်ပြီးတော့ နေသွားရင် အသိဉာဏ် တဖြည်းဖြည်းနဲ့ ရင့်ကျက်လာပြီးတော့ စိတ်က ဖြစ်သမျှ ကိစ္စတွေပေါ်မှာ လိုက်ပြီးတော့ တုန့်ပြန်မှု react မလုပ်တော့ဘူး။
မြင်ရုံမျှ၊ ကြားရုံမျှ၊ သိရုံမျှလေးပဲ နေသွားလို့ရတယ်။ စိတ်က မတုန့်ပြန်ရင် အများကြီးသက်သာပါတယ်။ ဘာဖြစ်လို့ စိတ်ဆင်းရဲနေတာလဲဆိုတာ သိဖို့လိုတယ်။
စိတ်က တုန့်ပြန်နေလို့ ဆင်းရဲနေတာပါ။ ဒါကြောင့် စိတ်ကတုန့်ပြန်နေတာ react လုပ်နေတာတွေကို လိုက်ကြည့်ဖို့ သိဖို့လိုတယ်။ သိလာလို့ရှိရင် react လုပ်တာ နည်းနည်းသွားတယ်။ စိတ်အကြောင်း အပြည့်အစုံသိသွားပြီဆိုရင် စိတ်က မတုန့်ပြန်တော့ဘူး။ မတုန့်ပြန်တော့ရင် လုပ်သမျှ ကိစ္စတိုင်းက reaction မဟုတ်တော့ပဲနဲ. ဉာဏ်နဲ့ သိပြီးလုပ်တဲ့ Wholesome Action၊ ဉာဏ်နဲ့သိပြီး လုပ်တဲ့ ကုသိုလ်စိတ်ဖြစ်တယ်။ အချိန်ပြည့် လောဘနဲ့ react လုပ်တယ်၊ ဒေါသနဲ့ React လုပ်တယ်၊ မာနနဲ့ React လုပ်တယ်၊ မနာလို ၀နျတိုမှုနဲ့ React လုပ်တယ်။ တုံ့ပြန်နေကြတာနော်။
သတိနဲ့မနေတတ်ရင်တော့ မြင်လိုက်တာနဲ့ Automatic reaction ဖြစ်ပြီးနေပြီ။ ကြားလိုက်တာနဲ့ Automatic reaction ဖြစ်ပြီးနေပြီ။ တစ်ခုခုသိလိုက်တာနဲ့ အလိုအလျောက် စိတ်က တုန့်ပြန်ပြီးနေပြီ။ အဲဒီတော့ အလိုအလျောက် automatic စိတ်က တုံ့ပြန်လိုက်လို့ရှိရင် များသောအားဖြင့်တော့ Unwholesome Reaction ဖြစ်နေပြီနော်။ အကုသိုလ်နဲ့ တုံ့ပြန်တာဖြစ်နေပြီ။ ဒီလိုဖြစ်နေရင် စိတ်က ရှုပ်ထွေးတယ်။ ဘ၀ရှုပ်ထွေးတယ်။ အကုသိုလ်ဆိုတာ ဘ၀ကို သိပ်ရှုပ်ထွေးစေတယ်။
စိတ်ချမ်းသာဖို့ဆိုတာ သိပ်မျှော်လင့်လို့ မဖြစ်တော့ဘူး။ ဒီလိုဖြစ်နေတာကိုပဲ ဖြစ်နေမှန်းသိနေရင် အဲဒီလို အလိုအလျောက် တုံ့ပြန်နေတဲ့ သဘောတွေ automatic reaction တွေ နည်းသွားတယ်။ ဖြစ်လာရင် ချက်ချင်းသိတယ်၊ ချက်ချင်းပျောက်သွားတယ်။ ဒီထက်ကြာလို့ရှိရင် ဖြစ်ကိုမဖြစ်တော့ဘူး။ သိပြီးတော့ လုပ်လိုက်တဲ့အလုပ်တစ်ခုဟာ Wholesome Action ဖြစ်သွားတယ်။ ကုသိုလ် ဖြစ်သွားတယ်။ သတိနဲ့အတူ ပါလာတဲ့ ဉာဏ်ပညာ wisdom က ဘ၀ကို ရှင်းလင်းပေးသွားတယ်။
ဘ၀ဟာအများကြီး simple ဖြစ်လာတယ်။ ရိုးရှင်းလာတယ်။ စိတ်ရှုပ်ထွေးရင် ဘ၀ရှုပ်ထွေးတယ်။ စိတ်ရှင်းရင် ဘ၀လည်းရှင်းသွားတာပါပဲ။ ဘ၀ဆိုတာ စိတ်ရဲ့ Reflection ၊ စိတ်ရဲ့ရောင်ပြန်ဟပ်မှုပါပဲ။ အဲဒီတော့ ရှုပ်နေတာကို အရင်သိဖို့လိုတယ်။ ရှုပ်နေတာကို သေသေချာချာသိသွားရင် တဖြည်းဖြည်း တဖြည်းဖြည်း ရှင်းရှင်းသွားတယ်။ automatic reaction မလုပ်တော့ဘူး။ အဲဒီ automatic reaction ကြောင့် ရှုပ်နေတာ။ mindful wholesome action က မရှုပ်ဘူး။ ဉာဏ်နဲ့သိပြီးတော့ သေသေချာချာလုပ်တဲ့ အလုပ်က ဘ၀ကို မရှုပ်ထွေးစေဘူး။
🙇🙇
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
ကိုယ်စိတ်နှစ်ဖြာ ဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာကြပါစေ
Vimuttissukha Bliss
https://www.facebook.com/vimuttisukha.bliss?fref=ts ထံမှကူးယူပူဇော်ပါသည်။
အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now