"ဆ-9
ပယ်ဖို့ထက် သိဖို့ ပိုအရေးကြီးတယ်"
စိတ်ထဲမှာလောဘဖြစ်တယ်ဆိုပါတော့။
အဲဒီလောဘကို ဖိဖို့ဖုံးထားဖို့မကြိုးစားပဲနဲ့ အဲဒီလောဘရဲ့သဘာ၀ကို သေသေချာချာကြည့်တာပါပဲ။
သေသေချာချာ ကြည့်ပါများရင်အကြောင်းရှိမှဖြစ်တယ်။
လောဘဖြစ်စရာ အာရုံတခုနဲ့စိတ်နဲ့ တိုက်ဆိုင်မှုရှိတဲ့အခါမှာလောဘဖြစ်တယ်ဆိုတာကိုကိုယ်တိုင်မြင်ရတယ်။
ကိုယ်တိုင်သိရတယ်နော်။
အဲဒီလိုကြာကြာကြည့်တဲ့အခါမှာအသိအမြင်ရှင်းလာတဲ့အခါမှာဖြစ်လာတဲ့စိတ်ကလေးဆိုတာမြင်လာတယ်။
ငါ့စိတ်မဟုတ်တော့ဘူး။အင်မတန် ရှင်းတယ်။
အဲဒါသိပ်အံ့သြဖို့ကောင်းတယ်။အဲသလိုကြည့်တဲ့အခါမှာအဲဒီလောဘ ဖြစ်တဲ့စိတ်ကိုပဲစိတ်၀င်စားစရာ၊ အံ့သြစရာတခု အနေနဲ့မြင်လာတယ်။
ငါ့စိတ် လည်းမဟုတ်တော့ဘူး။
စိတ်နဲ့အာရုံတခုနဲ့ တိုက်ဆိုင်တဲ့အခါမှာဖျတ်ခနဲ ပေါ်လာတဲ့စိတ်ကလေးတခုပဲ။
တော်တော်အံ့သြဖို့ ကောင်းတယ်။
ငါ့စိတ်မဟုတ်တော့ဘူးဆိုရင်ပဲအနတ္တ သဘောဖြစ်သွားပြီနော်။
အနတ္တဉာဏ် နဲ့မြင်နိုင်မှသာဘုရားသာသနာတော်မှာ
အမြင်မှန်တခုကိုရပြီလို့ပြောလို့ရတယ်။
အရေးအကြီးဆုံး အမြင်မှန်တခုကိုရသွားပြီ။
လောဘကိုချက်ချင်းမပယ်သေးဘူးနော်။
ဒါပေမယ့်လောဘဟာအကြောင်းရှိမှ ဖြစ်တဲ့စိတ်ပဲ။
အကြောင်းရှိရင် ဖြစ်မှာပဲ။
အာရုံပြုတာ နှလုံးသွင်းတာလွဲမှားရင် လည်းဖြစ်မယ်။
'အယောနိသော မနသိကာရ'ဖြစ်ရင်လောဘဖြစ်မယ်၊
ဒေါသ ဖြစ်မယ်၊မာနဖြစ်မယ်။
'ယောနိသော မနသိကာရ'ဖြစ်ရင်တော့လောဘ၊ ဒေါသ မာန စသည်ဖြင့်ဖြစ်တာတွေဟာ နဲသွားပြီးတော့သက်သာသွားမယ်။
ဒီလိုနည်းနဲ့ တရားကိုအားထုတ်သွားတဲ့အခါမှာ
တဖြည်းဖြည်းနဲ့ စိတ်ထဲမှာလောဘဖြစ်တဲ့အခါ သိတယ်။
ဒေါသ ဖြစ်တဲ့အခါသိတယ်။မာနဖြစ်တဲ့အခါ သိတယ်။
ဣဿာ မစ္ဆရိယဖြစ်တဲ့အခါ သိတယ်။
ဒီလိုသိရင်းသိရင်းနဲ့ဒီလို သိတဲ့အသိဉာဏ္ဟာ
ကြာလေကြီးလေ ဖြစ်လာတယ်။
လောဘဒေါသ မာနတွေကတော့ချက်ချင်းမပျောက် သေးဘူးနော်။
ဒါပေမယ့်သူတို့ကို သိတဲ့အသိဉာဏ်ကကြီးလာတယ်။
ဒါကြောင့် ကိုယ့်စိတ်မှာဘာတွေတွေးနေတယ်
ဘာတွေဖြစ်နေတယ်
ဘယ်လိုခံစားနေတယ်ဆိုတာကိုသိဖို့ ကိုယ့်စိတ်ကို ပြန်ပြန်ကြည့်တဲ့အလေ့အကျင့်ကို သတိရတိုင်း
လုပ်ပေးနေရမယ်။
ဘယ်အချိန်ကောင်းလဲ မေးရင်အခုလုပ်ရင် အခုကောင်းမယ်။
ငယ်ငယ်ကစလုပ်လေပိုအကျိုးရှိလေပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာတရားမှာ
"ပယ်ဖို့ထက် သိဖို့က ပိုအရေးကြီးတယ်"လို့ ပြောတာနော်။
အသိဉာဏ်ကြီးလာမှအဲဒီအသိဉာဏၠသူ့ဟာသူ ပယ်သင့်တဲ့
ကိလေသာကို ပယ်တာပဲ။
ငါက ပယ်လိုက်တာမဟုတ်ဘူး။
ဒါကြောင့်အတ္တနဲ့ပယ်လို့မရဘူး။အနတ္တနဲ့မှပဲ ပယ်လို့ရတယ်။
★ အကြည့်ခံဖြစ်တဲ့ အာရုံကလည်းအနတ္တပဲ၊
★ ကြည့်နေတဲ့စိတ်ကလည်း အနတ္တပဲ။
နှစ်ခုစလုံးအနတ္တဖြစ်သွားတယ်။
အားလုံးဟာ အနတ္တလို့မြင်ရင်ရှေ့ဆက်စရာမရှိတော့ဘူး။
အင်မတန် ရှင်းတယ်။
(ဆရာတော်ဦးဇောတိက)
'သူ့ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြင်'
စာအုပ်မှ ကောက်နှုတ်ချက် ဖြစ်ပါသည်။