ဆ-14
“#တစ်ကိုယ်တည်းပေမဲ့_အထီးမကျန်ဘူး ”
•••••••••••••••••••••••••••••••••••••••••••••••••••••
“alone” ဆိုတဲ့ စကားလုံးနဲ့ “lonely”
ဆိုတဲ့ စကားလုံးကို စဉ်းစားကြစို့။
❖I am alone , but I am not lonely.
လို့ ပြောတာ ကြားဖူးတယ်။
အဓိပ္ပါယ်က “တကိုယ်ထဲ ဖြစ်နေပေမဲ့ အဖေါ်မရှိ
အထီးကျန်တဲ့ ခံစားမှု မရှိဘူး” လို့ ဆိုလိုတယ်။
❖တကိုယ်ထဲ ဖြစ်နေလို့ အဖေါ်ကို ရှာနေတာဟာ ၊ငါ့မှာ အဖေါ်မရှိပါလားလို့ တွေးနေတာ “I am lonely” ဖြစ်နေတာ။
❖တကိုယ်ထဲဖြစ်နေပေမဲ့ အဖေါ်ကို မရှာရင်
အဖေါ်မရှိတဲ့ ခံစားမှုမရှိဘူး။lonely မဖြစ်ဘူး။
အဲဒါကို “I am alone” လို့ ခေါ်တယ်။
တရားအားထုတ်တဲ့သူဟာ စိတ်တည်ငြိမ်အေးချမ်းနေတဲ့အခါမှာ အဖေါ်ကိုလိုချင်တောင်းတတဲ့စိတ်မဖြစ်ဘူး။အဲဒီအခါမှာ အဖေါ်မဲ့နေတယ်ဆိုတဲ့ ခံစားမှု မရှိဘူး။
အဖေါ်မရှိလို့ ပျင်းတဲ့စိတ်၊အားငယ်တဲ့စိတ် မဖြစ်ဘူး။
အဲဒီအခြေအနေကို “I am alone, but I am not lonely”
လို့ ခေါ်တယ်။
ကိုယ် အင်မတန် စိတ်၀င်စားတဲ့အလုပ်ကို တကိုယ်တည်း စိတ်ပါလက်ပါ လုပ်တဲ့သူဟာလည်း တကိုယ်တည်း ဖြစ်နေပေမဲ့ အဖေါ်ကို ရှာနေတာ မဟုတ်လို့ အဖေါ်မဲ့နေတဲ့ခံစားမှု မရှိဘူး၊ “lonely” ဖြစ်မနေဘူး။
If being alone is seen as a chance to accomplish
goals that cannot be reached in the company of
others,then instead of feeling lonely,a person will
enjoy solitude and might be learn
new skills in the process.
❖တကိုယ်တည်းဖြစ်နေတဲ့ အချိန်များမှာ၊အများနဲ့ နေတဲ့အခါမှာ၊ လုပ်လို့ မဖြစ်တဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်တဲ့ အခွင့်အရေး ရတယ်လို့
မြင်နိုင်ရင် အဖေါ်မဲ့နေလို့ ပျင်းနေတာ၊အားငယ်နေတာ
မဖြစ်တော့ပဲ ( feeling lonely ) ဖြစ်နေတာမဟုတ်တော့ဘဲ၊တကိုယ်တည်း ဖြစ်နေတာကို နှစ်သက်ကျေနပ်ပြီး တကိုယ်တည်းလုပ်မှ လုပ်လို့ ဖြစ်နိုင်တဲ့ အလုပ်နဲ့ပတ်သက်ပြီး အရည်အချင်း အသစ်တွေပါ ရလာနိုင်ပါတယ်။
Unless a person learns to enjoy solitude,much of life
will be spent desperately trying to avoid its ill effect.
❖လူတယောက်ဟာ တကိုယ်တည်းနေရတာကို နှစ်သက်လာအောင်လေ့ကျင့်မထားရင် သူ့ဘ၀ဟာ
တကိုယ်တည်း ဖြစ်နေလို့ ခံရခက်တဲ့ဆိုးကျိုးကို
ရှောင်ဖို့ ကြိုးစားရင်း အချိန်တော်တော်များများ
ကုန်သွားလိမ့်မယ်။
❖အဖေါ်မရှိပေမယ့် အဖေါ်မရှာဘဲ၊
ကိုယ့်တန်ဖိုးထားတာ၊စိတ်၀င်စားတာကိုလုပ်ပြီး စိတ်ချမ်းသာအောင် နေတတ်ဖို့ လိုတယ်။
❖တရားအားထုတ်တာကို သေသေချာချာ လေ့ကျင့်ထားရင် ကိုယ့်အနားမှာ ဘယ်သူမှမရှိတဲ့အချိန်မှာ တရားသတိနဲ့ နေရင် အဖေါ်မရှိတာကိုက ကောင်းတဲ့
အခြေအနေတခုပဲ ခံစားရမယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော် ဦးဇောတိက-မဟာမြိုင်တောရ】
Posted by►
Young Buddhist Association