ဆ-10
ကိုယ့်စိတ်ဓါတ်ရင့်ကျက်မှု
ဘယ်လောက်ရှိတယ်ဆိုတာ
ဘာနဲ့တိုင်းတာမလဲ။
ကိုယ့်စိတ်ကို ကိုယ်ဘယ်လောက်
စိတ်ချမ်းသာအောင် ထားနိုင်သလဲ?
ဆိုတာနဲ့ တိုင်းတာမယ်။
ကိုယ့်စိတ်ချမ်းသာမှုအတွက်
သူတပါးအပေါ် မှီခိုမှု
ဘယ်လောက်နည်းသလဲ?
ဆိုတာနဲ့ တိုင်းတာမယ်။
ကိုယ့်ကို သူများ
စိတ်ဆင်းရဲအောင် လုပ်လို့ရသလား?
ဆိုတာနဲ့ တိုင်းတာမယ်။
ကိုယ်စိတ်ချမ်းသာဖို့
သူများက လုပ်ပေးရမယ်ဆိုရင်
ရင့်ကျက်မှုနည်းသေးတယ်။
သူများက ကိုယ့်ကို စိတ်ဆင်းရဲအောင်
လုပ်လို့ရတယ်ဆိုရင် စိတ်ဓါတ်ရင့်ကျက်မှု
နည်းသေးတယ်။
ဆရာတော်ဦးဇောတိက
(စိတ်ချမ်းသာဖို့လိုရင်းပါ စာအုပ်မှ)