ဆ-44
🌑ပတ်ဝန်းကျင်မကောင်းရင်....
တရားကောင်းနဲ့ ထိုက်တန်တဲ့....
အဇာတသတ်တောင်...အညွန့်ချိုးခံရပါတယ် ။
🌑ဆရာ ကောင်းနဲ့မတွေ့တဲ့အခါ....
...အင်္ဂုလိမာလလို...
လူသတ်ခိုင်းပြီး.သူများအသတ်ခံရမယ့်
လမ်းကြောင်းပေါ်...အမောင်းနှင်ခံရပါတယ်။
🌕ဒါ့ကြောင့်..ပတ်ဝန်းကျင်ကောင်း မိတ်ကောင်း ဆရာကောင်းတွေကို ရွေးချယ်ပေါင်းသင့်တယ်။
ဒါမှ...ဓာတ်ကောင်းကိန်းတယ်။
ပတ်ဝန်းကျင် အသိုင်းအဝိုင်း ဆိုသည်မှာ လူ,ရဟန်း,တွေလည်း ပါပါတယ်။
🌕သန့်သန့်ရှင်းရှင်း လှလှပပ သပ်သပ်ရပ်ရပ်
နေတတ်တဲ့သူတွေနဲ့ အတူနေရရင် သန့်ရှင်းတာ လှပတာ သပ်ရပ်တာကို တန်ဖိုးထားတတ်လာမယ်။
စည်းကမ်းရှိတဲ့သူတွေနဲ့ နေရရင်စည်းကမ်း ပိုရှိလာမယ်။
တီထွင်တတ်တဲ့သူတွေ့နဲ့ နေရရင်
ထီထွင်နိုင်တဲ့ အရည်းအချင်း ပိုရှိလာမယ်။
🌕စိတ်ထားမြင့်မြတ်တဲ့သူတွေ့နဲ့ နေရရင်
စိတ်ထား ပိုမြင့်မြတ်လာမယ်။
အကျင့်စာရိတ္တကောင်းတဲ့သူတွေနဲ့ နေရင်လည်း
ပိုကောင်းတဲ့သူ ဖြစ်လာတာကို စိတ်ကျေနပ်မှု ရမယ်။
ပျော်မယ်။
🌑အဆိပ်ဓာတ်ငွေ့တွေ ထွက်တဲ့စက်ရုံမှာ
အလုပ်လုပ်ရတဲ့သူဟာ ကြာရင်အဆိပ်သင့်ပြီး မကျန်းမမာဖြစ်မယ်။
အဲ့လိုပဲ အဆိပ်နဲ့ တူတဲ့ မှားယွင်းတဲ့ သဘောထား
အတွေးအခေါ် အယူအဆရှိတဲ့သူနဲ့ ဆက်ဆံရင် စိတ်ဓာတ် အဆိပ်သင့်မယ်။
🌑ဟန်ဆောင်ပြီးဆက်ဆံရတဲ့သူ
မရိုးသားတဲ့သူနဲ့ ဆက်ဆံရတာကြာရင်
အဆိပ်သင့်သလို ဖြစ်လာတယ်။
စိတ်ဓာတ် အဆိပ်သင့်ရင်
စိတ်မကျန်းမာတော့ဘူး။
🌑အမြဲတမ်းလိမ်ညာပြီး ပြောနေရမှ
အဆင်ပြေတဲ့ ဆက်ဆံရေးဟာ အဆိပ်အထောက်ဖြစ်စေတဲ့ ဆက်ဆံရေးပတ်ဝန်းကျင်အသိုင်းအဝိုင်း ဖြစ်တယ်။
အဆိပ်အတောက်ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ
ကြာကြာနေရင်အဆိပ်သင့်မယ်။
🙏ဆရာတော် ဦးဇောတိက
🌲🌲🌲 မဟာမြိုင်တောရ
("#အလှတရားမှ အမှန်တရားသို့ ")
#မူရင်းရေးသားပူဇော်သူ ကို ဂါရဝပြုပါသည် 🙇