ဆ-58

0 0 0
                                    

ဆ-58
{ဆရာတော် ဦဇောတိက
တစိမ့်စိမ့်တွေးမယ် သိစရာ တွေးစရာ}
(၄)
သူလည်း သူ့အား သူကိုးနိုင်တဲ့သူ၊ ကိုယ်လည်း ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ၊ သူ မရှိလည်း ကိုယ့်ဘဝကိုကိုယ် အဓိပ္ပာယ်ရှိရှိပြည့်ပြည့်စုံစုံ နေသွားနိုင်တဲ့သူ၊ ကိုယ် မရှိလည်း သူ့ဘဝကိုသူအဓိပ္ပာယ်ရှိရှိကျေကျေနပ်နပ် ချမ်းချမ်းသာသာ နေသွားနိုင်တဲ့သူ၊ ဒီလို လူနှစ်ယေက်ရဲ့ချစ်ခြင်းသာလျှင် တယောက်ကိုတယောက် တကယ် အစစ်အမှန်ချစ်တယ်လို့ ပြောလို့ရတယ်။
___________________________________
သူ့ကို တကယ်ချစ်တယ်ဆိုရင် သူ့မှာရနိုင်တဲ့အရည်အချင်းမှန်သမျှများများရအောင် သူ့ကို အခွင့်အရေး ပေးရမယ်။ မချုပ်ချယ်ရဘူး။
______________________________
မိမိကိုယ်ကို ပိုပြီးတော့ အသိဉာဏ် ကြီးမားလာအောင်
တိုးတက်လာအောင် လုပ်တာနဲ့ သူတပါးကိုလည်းပဲ ပိုပြီးတော့အသိဉာဏ် ကြီးမားလာအောင် တိုးတက်လာအောင်ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။
______________________________
သူတပါးကို မေတ္တာထားနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို
အဖက်ဖက်က ပိုပြီးတော့ ကြီးပွားလာအောင်၊တိုးတက်လာအောင်၊အသိဉာဏ်နဲ့စိတ်ဓာတ် တိုးတက်မှု ရင့်ကျက်မှု ဖြစ်လာအောင်လုပ်နေမှသာ ဖြစ်နိုင်ပါတယ်။
_____________________________
မေတ္တာကြီးမားတဲ့သူဟာ မြင့်မြတ်တဲ့သူ ငြိမ်းချမ်းတဲ့သူ ဖြစ်တယ် ။
___________________________
ကိုယ်ကိုတိုင်က တကယ် စိတ်ချမ်းသာနေမှသာ သူတပါးရဲ့စိတ်ချမ်းသာမှုကို တကယ် လိုလားတဲ့စိတ် အပြည့်အဝ ဖြစ်တယ်။
_____________________________
မိမိကိုယ်ကိုမိမိ မချစ်လို့ရှိရင် သူတပါးကို ချစ်ဖို့ရာ မတတ်နိုင်ပါဘူး။
_____________________________
ကိုယ့်မှာ လေးနက်တဲ့ မြင့်မြတ်တဲ့ အသိဉာဏ်နဲ့စိတ်ဓာတ်ဖြစ်ပေါ်လာအောင် မလုပ်ပဲနဲ့ သူတပါးမှာ လေးနက်တဲ့ မြင့်မြတ်တဲ့၊အသိဉာဏ်နဲ့စိတ်ဓာတ် ဖြစ်ပေါ်လာအောင် အထောက်အကူ မပေးနိုင်ဘူး။
______________________________
မေတ္တာရဲ့ တကယ့်ပန်းတိုင်ဟာ မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အသိဉာဏ် ဖြစ်ပေါ်ရေးပါ။
______________________________
ကိုယ့်အမှားတွေကို ရိုးရိုးသားသား ကြိုးကြိုးစားစားပြင်တဲ့သူဟာ၊ကိုယ့်ကိုကိုယ်၊ချစ်တဲ့သူဖြစ်တယ်။
______________________________
ကိုယ့်ကိုယ်ကို အသိဉာဏ်ရော၊ စိတ်ဓာတ်ရော ပိုပြီးတော့လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှု ရှိလာအောင် ကြိုးစားနေမှကိုယ့်ကိုယ်ကို ချစ်ရာရောက်မယ်။
_______________________________
စိတ်ဓာတ်နဲ့အသိဉာဏ် ရင့်ကျက်မှု၊ မြင့်မြတ်မှုကို အထောက်အကူပေးဖို့အရေး မပါရင် တကယ်အဆင့်မြင့်တဲ့ မေတ္တာလို့မပြောနိုင်သေးဘူး။
__________________________
သူတို့ကို ချုပ်ချယ်ထားမှ ကိုယ့်အတွက် စိတ်အေးရမယ်လို့ တွေးတာဟာတကိုယ်ကောင်း သိပ်ဆန်တဲ့ စိတ်ထားဖြစ်ပါတယ်။
___________________________
သင့်ဘဝမှာ သင့်ရဲ့ အဓိကဦးတည်ချက်က အချစ်ခံရဖို့သက်သက်ဖြစ်နေရင် သင်ဟာ အချစ်ခံထိုက်တဲ့သူ မဟုတ်ဘူး။
___________________________
တကယ် မေတ္တာအစစ်အမှန်နဲ့ ချစ်ရင် ကိုယ်ချစ်တဲ့သူကိုကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူ၊ ကိုယ့်အသိဉာဏ်နဲ့ကိုယ်၊စဉ်းစားနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူ၊ သွားရဲလာရဲ၊ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲတဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်၊ အားပေးချင်တယ်။
___________________________
ကိုယ့်ကို မှီခိုနေအောင်လုပ်တာ သူ့ကို ချစ်တာမဟုတ်ဘူး၊ကိုယ့်ကိုယ်ကို ချစ်တာ။
___________________________
တကယ့်မေတ္တာဆိုတာ ဘာလဲဆိုတော့၊ သူ့ဟာသူ စိတ်ချမ်းသာအောင်နေတတ်သွားအောင် နည်းလမ်းပေးလိုက်တာပဲ။
____________________________
တကယ် မေတ္တာစစ်မှန်သွားရင်၊ ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့တွေးမှာ မဟုတ်တော့ဘူး။ သူ့အတွက် ဘာအကောင်ဆုံး ဖြစ်မလဲဆိုတာကို တွေးပြီး အဲဒါကို လိုလားတယ်။
______________________________
ကိုယ့်ကိုယ်ကို အားကိုးရလေလေ ကိုယ့်ကိုယ်ကို ပိုချစ်လေလေ၊
သူတပါးကိုလည်း ပိုချစ်လေလေ၊ ပိုတန်ဖိုးထားလေလေပဲ။
_______________________________
ကိုယ်က စစ်မှန်တဲ့မေတ္တာကို ပေးနိုင်ဖို့ အရေးကြီးပါတယ်၊ ရဖို့ကတော့မမျှော်လင့်တာပဲ ကောင်းပါတယ်၊ မမျှော်လင့်ပဲရမှ ပိုကောင်းပါတယ်။
________________________________
မိဘတွေဟာ ခေတ်ကာလကိုနားလည်ပြီး သားသမီးတွေကို သူ့ဟာသူအဆင်ပြေဆုံးဖြစ်အောင် နေသွားတတ်ဖို့ ကြိုတင်ပြီး ဉာဏ်ကြီးကြီးနဲ့ပြင်ဆင် ပေးလိုက်မှသာ တကယ်ချစ်ရာ ရောက်လိမ့်မယ်။
____________________________
ရန်သူပေါ်မှာတောင်မှ မေတ္တာမပျက်တဲ့စိတ် ထားနိုင်တဲ့သူဟာ၊အဆင့်မြင့်တဲ့ အသိဉာဏ်တွေနဲ့ ထိုက်တန်တဲ့သူ ဖြစ်သွားတယ်။
______________________________
တယောက်ယောက်ကို တကယ်ချစ်ရင် အဲဒီလူကို
သူ့ခြေထောက်ပေါ်သူ ရပ်နိုင်အောင် လုပ်ပေးရမယ်။ သူတပါးအပေါ်မှီခိုမှု နည်းနိုင်သမျှနည်းအောင် လုပ်ပေးရမယ်။
________________________________
တယောက်အကြောင်းတယောက် အမှန်အတိုင်း မသိပဲနဲ့၊တယောက်ကိုတယောက် နားမလည်ပဲနဲ့ စစ်မှန်တဲ့မေတ္တာ ဖြစ်နိုင်ဖို့တော်တော် ခဲယဉ်းပါတယ်။
_________________________________
မေတ္တာဆိုတာ သူတပါးအတွက် အာဟာရ ဖြစ်သလို
ကိုယ့်အတွက်လည်း အာဟာရ ဖြစ်ပါတယ်။
_________________________________
ကိုယ့်မေတ္တာကိုပဲ အင်မတန်လုံခြုံတဲ့ သံချပ်ကာအင်္ကျီလို့သဘောထားပြီးတော့၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့မေတ္တာကိုပဲစည်းရိုးသဘောမျိုးနဲ့ထားပြီး နေမယ်ဆိုရင် စိတ်ထဲမှာ လုံခြုံမှု၊ ပြည့်စုံမှုသဘောမျိုး ခံစားရပါလိမ့်မယ်။
_____________________________________
တဦးပေါ်တဦးထားတဲ့ စစ်မှန်တဲ့မေတ္တာ၊ လေးစားမှု၊ တန်ဖိုးထားမှုဟာဘဝမှာ စိတ်ချမ်းသာမှု အများဆုံးပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။
___________________________________
သူလည်း သူ့အား သူကိုးနိုင်တဲ့သူ၊ ကိုယ်လည်း ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ၊ သူ မရှိလည်း ကိုယ့်ဘဝကိုကိုယ် အဓိပ္ပာယ်ရှိရှိ၊ပြည့်ပြည့်စုံစုံ နေသွားနိုင်တဲ့သူ၊ ကိုယ် မရှိလည်း သူ့ဘဝကိုသူအဓိပ္ပာယ်ရှိရှိ၊ကျေကျေနပ်နပ် ချမ်းချမ်းသာသာ နေသွားနိုင်တဲ့သူ၊ ဒီလို လူနှစ်ယေက်ရဲ့ချစ်ခြင်းသာလျှင် တယောက်ကိုတယောက် တကယ် အစစ်အမှန်ချစ်တယ်လို့ ပြောလို့ရတယ်။

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now