ရေလိုက် ငါးလိုက်ဖြစ်နေတဲ့လူဟာ ကိုယ့်ကိုကိုယ် လေးစားမှု ရဖို့ မလွယ်ဘူး။သူများကို လွှမ်းမိုးချင်စိတ်၊ ချယ်လှယ်ချင်စိတ် မရှိတဲ့သူကို လူတွေက ပိုပြီးယုံယုံကြည်ကြည်ချဉ်းကပ်တယ်။
အဲဒီလိုလူရဲ့ အကြံဉာဏ်နဲ့စိတ်ကူးတွေကိုလည်း ပိုပြီးတော့ လေးလေးစားစားနားထောင်တယ်။ ကိုယ်ကမလွှမ်းမိုးချင်မှ ကိုယ့်စကားကို ပိုပြီးလေးစားတယ်၊ ကိုယ့်ကို ပိုချစ်တယ်၊ ပိုတန်ဖိုးထားတယ်၊ ပိုယုံကြည်တယ်။
အနိုင်ယူချင်တဲ့စိတ် ရှိနေရင်တော့ စိတ်ချမ်းသာမှု မရှိနိုင်ဘူး။ နိုင်တဲ့သူလည်း စိတ်မအေးချမ်းဘူး။ ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တယောက်နဲ့တယောက် လေးလေးစားစားပြောရတာ၊ဆက်ဆံရတာ ပိုပြီးစိတ်ချမ်းသာတယ်။
ကိုယ့်မိဘ မိရိုးဖလာအတွေးအခေါ်အယူအဆထဲက ယူသင့်တာကိုယူရမယ်။ ရာခိုင်နှုန်းပြည့် အမွေခံလို့ မရဘူး။ ဒါပေမယ့် ဘယ်ဟာကို ယူသင့်သလဲဆိုတာ ဘယ်လိုလုပ် ဆုံးဖြတ်မလဲ။ ယူသင့်တာကိုယူတဲ့အခါမှာတောင်မှ ဒါဟာ ကောင်းတယ်၊ မှန်တယ်၊ အကျိုးများတယ်လို့ ကိုယ်တိုင်သိလို့ ယူလိုက်တာပဲ ဖြစ်ရမယ်။ သူတို့နဲ့လည်း ပဋိပက္ခမဖြစ်ဘဲနဲ့ ကိုယ့်ဟာကိုယ်လည်းပဲ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ဘဝကို ကိုယ့်ဟာကိုယ်တည်ဆောက်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ တော်တော်ကို စဉ်းစားရမယ်။ ဒါဟာ အင်မတန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်။ သို့သော် အဲဒီခက်ခဲတာကိုမှ စိတ်အေးအေး၊ သဘောထားကြီးကြီး၊ ဉာဏ်ကြီးကြီးနဲ့လုပ်သွားမှသာ ကိုယ်ပိုင်အတွေးအခေါ်အယူအဆ၊ ကိုယ်ပိုင်ခံယူချက်ဆိုတာရှိလာပြီးတော့ ကိုယ့်ဘဝကိုလည်းကိုယ်ကျေနပ်မှုရမယ်၊ ကိုယ့်ကိုယ်ကိုလည်းကျေနပ်မှုရမယ်။ ကိုယ်လုပ်တဲ့ကိစ္စဟာ တကယ်ကိုယ့်ရင်ထဲနှလုံးသားထဲက ဖြစ်ပေါ်လာတဲ့စေတနာနဲ့လုပ်တာဆိုပြီး ကိုယ်ကိုယ်တိုင်ခံစားရပြီးတော့ ကိုယ့်ကိုယ်ကိုကျေနပ်မှုရမယ်။ ကိုယ့်ကိုယ်ကိုလေးစားမှုလည်း ရမယ်။ အဲဒီတော့ ရေလိုက် ငါးလိုက်၊ wishy-wishy ဖြစ်နေတဲ့လူကတော့ ကိုယ့်ကိုယ်ကိုလေးစားမှုဆိုတဲ့ self-respect ရဖို့ မလွယ်ဘူး၊၊ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
TH
![](https://img.wattpad.com/cover/347172459-288-k809386.jpg)