ဆ-31

0 0 0
                                    

ဆ-31
ကိုယ့်သားသမီးတွေကို
အကျင့်စာရိတ္တ မကောင်းတဲ့သူတွေက
ဖြားယောင်းသွေးဆောင်ပြီး ဖျက်ဆီးမယ်ဆိုရင်
ဘယ်လို သဘောထားမလဲ။
အဖြစ်မခံနိုင်ဘူးလို့ ပြောရမှာနော်။
ဒါပေမဲ့ . . .T.V တွေ၊ Video တွေ၊
မှားယွင်းနေတဲ့ အတွေးအခေါ်၊
အယူအဆတွေ ဖြားယောင်းသွေးဆောင်
နေတာကိုတော့ အဖြစ်ခံနေပါတယ်။
ဒီ “ကလေး” တွေကြီးလာရင် ဘယ်လိုဖြစ်ကုန်မလဲ။
“ကလေး”တင်မကဘူး။
“လူကြီး”တွေပါထည့်စဉ်းစားဖို့လိုပါတယ်။
အကျင့်ပါသွားရင် စွဲတယ်နော်။
ဖြတ်ဖို့မလွယ်ဘူး ။ စွဲတယ်။
ဒါတွေက လူတွေကို ဗဟုသုတတော့
ဖြစ်အောင်လုပ်ပေးတယ်။
ပြင်ပလောကနဲ့ ပက်သက်တဲ့
ဗဟုသုတကြွယ်ဝအောင်တော့ သူတို့
အထိုက်အလျောက်ပေးမယ်။
တစ်ချိန်တည်းမှာပဲ သူတို့များရင် များသလောက်
ဘာဖြစ်မလဲဆိုတော့ ကိုယ့်ရဲ့ အတွင်းလောက၊
ကိုယ့်စိတ်ကို ပြန်သိမူကို “အမှောင်ချလိုက်သလို”
ဖြစ်သွားတယ်။ မှောင်သွားတယ်။
နောက်ဆုံးကျတော့ ကိုယ့်စိတ်ကို ကိုယ်
လုံးလုံးမသိတဲ့သူ ဖြစ်သွားတယ်။
အဲသလိုဖြစ်နေတဲ့သူတွေ America မှာ အင်မတန်များတယ်။
absent-minded (သတိလက်လွတ်) တော်တော်ဖြစ်တယ်။
ကိုယ့်စိတ်ကို ကိုယ်လုံးဝမသိဘူး။
ဒါဟာ “တကယ့်စိတ်ရောဂါ” ဖြစ်ပါတယ်။
♦သတိ၊သမာဓိ နဲရင် စိတ်ရောဂါ ဖြစ်တယ်။
♦ကိုယ်ကျင့်တရား၊ သီလ ပျက်စီးရင် စိတ်ရောဂါဖြစ်တယ်။
♦မေတ္တာ၊ ကရုဏာ ခေါင်းပါးရင် စိတ်ရောဂါ ဖြစ်တယ်။
♦“သတိ၊ သမာဓိ၊ မတျတော၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာ” ဒါတွေဟာ စိတ်ကို ကျန်းမာစေတယ်။
“ကိုယ်ဖြစ်နေပုံ”တွေကို သေသေချာချာ
သတိထားဖို့ အင်မတန် အရေးကြီးတယ်။
ကိုယ့်ရဲ့ inner world ကို ကိုယ်သိဖို့ အထူးကြိုးစားဖို့့ လိုတယ်။
အချိန်ရှိတုန်းမှာ ကြိုးစားထားမှ။
ဆရာတော်ဦးဇောတိက
“ဘဝ၏အဆင့်အတန်း”

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now