ဆ-41
သတိနဲ့နေရင် ဆင်းရဲတာသက်သာတယ်။
═══════════════════════
❖ သတိပင်လျှင် ကုသိုလ်ပါ။
သတိနဲ့ နေလိုက်တိုင်း နေလိုက်တိုင်း အင်မတန်ကြီးမားတဲ့ ကုသိုလ်ဖြစ်နေတယ်။
❖ အကုသိုလ်ဖြစ်နေတာကို ကြည့်ပြီးတော့ ဒါဟာ အကုသိုလ်လို့ သိလိုက်ရင် အဲဒီလိုသိလိုက်တာဟာ ကုသိုလ်ဖြစ်တယ်။
❖ သတိနဲ့နေလို့ရှိရင် ဒုက္ခတွေအများကြီး လျော့သွားတယ်။ တစ်နာရီနှစ်နာရီ ဒေါသဖြစ်ဖြစ်နေမယ့်စိတ်ဟာ သိနေတဲ့ အတွက်ကြောင့် တစ်မိနစ် နှစ်မိနစ်နဲ့ ဒေါသပြေသွားတယ် ဆိုရင် တော်တော်သက်သာသွားပြီ။ ငြိမ်းအေးသွားပြီ။
❖ သတိနဲ့နေတတ်လို့ရှိရင် လောဘရဲ့ဒဏ်ချက် ဒေါသရဲ့ဒဏ်ချက် မာနရဲ့ဒဏ်ချက်တွေကနေ သတိကောင်းရင် ကောင်းသလောက် စိတ်ဆင်းရဲမှုဟာ အများကြီး သက်သာတယ်။
❖ ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး ကြည့်နေရင် ကိုယ့်စိတ်ကို ရှင်းပြီးသား ဖြစ်သွားတယ်။
❖ အရေးကြီးတာက နေ့စဉ်နေ့စဉ် ကိုယ့်စိတ်ရဲ့တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေးရှိဖို့ လိုတယ်။
☀ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ☀
★ _/\\_ သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ၊ _/\\_ ★