ဆ-43
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ တွေးခေါ်ပုံ အရင်ကနဲ့မတူတော့ဘူး။
တန်ဖိုးထားတာတွေ မတူတော့ဘူး။
အရင်တုန်းက ပစ္စည်းဥစ္စာ အပျော်အပါး ကျော်ကြားမှု ဂုဏ်ပကာသနကို သိပ်မက်တဲ့လူဟာ
စိတ်တကယ်ငြိမ်းချမ်းသွားတဲ့အခါမှာ အဲဒါတွေက သိပ်ကလေးဆန်တယ်ဆိုတာ သိလာတယ်။
အဲဒါတွေဟာ အပေါ်ယံပဲဆိုတာကိုလည်း သိတယ်။
အယူအဆ မတူတာ ရှိလာပြီဆိုရင် မျှမျှတတ ကြည့်တတ်လာတယ်။
ကိုယ့်ဘက်ကော သူ့ဘက်ကော ထောင့်စေ့အောင်ကြည့်ဖို့ သဘောထားကြီးကြီး ထားတတ်လာတယ်။
ကိုယ်လိုသလို တဖက်သတ်အဓိပ္ပါယ် မကောက်ဘူး။ တစ်ကိုယ်ကောင်း မဆန်ဘူး။ တဖက်သတ် အနိုင်မယူဘူး။
တခုခုကြုံကြိုက်လာရင် ချက်ချင်းပြန်ပြီးတော့ မတုံ့ပြန်ဘူး။
သူ့မှာ သတိရှိတယ်၊ ဥာဏ်ရှိတယ်။ချင့်ချိန်နိုင်တယ်။
သတိမပါ ဥာဏ်မပါဘဲနဲ့ မြင်တိုင်းကြားတိုင်း စိတ်က အလိုအလျောက်တုံ့ပြန်နေမယ်ဆိုရင်တော့ လွတ်လပ်တဲ့သူ မဟုတ်ဘူး။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)