ဆ-61

0 0 0
                                    

ဆ-61
#အခက်အခဲဟာ_တိုးတက်ဖို့ရာ_အကြောင်း
Life is a series of test,
ဘဝဆိုတာဟာ စာမေးပွဲအဆင့်ဆင့်ပဲ။
နေ့တိုင်း စာမေးပွဲ အစစ်ခံနေရတာနော်။ ဘဝဆိုတာ ကျောင်းပါ။ နေ့တိုင်း သင်ခန်းစာတွေ ရနေတယ်။ နေ့တိုင်း စာမေးပွဲတွေ စစ်နေတယ်။
but if you pass your test, you look back upon them as good experiences.
စာမေးပွဲ အောင်သွားလို့ရှိရင်တော့ အဲဒီအခက်အခဲတွေကို အဲ့ဒီအတွေ့အကြုံတွေကို အင်မတန် ကောင်းတယ်၊ အင်မတန် အကျိုးများတယ်လို့ ပြန်မြင်ရတယ်။
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ၊ အခက်အခဲ တစ်ခုခုကို တကယ်အကောင်းဆုံးနည်းနဲ့ ဖြေရှင်းလိုက်လို့ အခက်အခဲ ပြေလည်သွားတဲ့အခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ပိုပြီးတော့ လူကြီးဆန်တဲ့ စိတ်ဓာတ်မျိုးကို ခံစားရတယ်နော်။ ပိုပြီးတော့ ရင့်ကျက်သွားတဲ့ ခံစားမှုမျိုးကို ရတယ်။ ပိုပြီးတော့ မြင့်မြတ်သွားတဲ့ ခံစားမှုမျိုးကို ရတယ်။
Concealed in every new situation we face there is spirtitual lesson to be learned and a spiritual blessing for us if we learn that lesson.
အတွေ့အကြုံတိုင်းရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့ သင်ခန်းစာရှိတယ်။
အဲဒီသင်ခန်းစာကို ကိုယ်က ရလိုက်တယ်ဆိုရင် ကိုယ့်အတွက် အဲဒါဟာ မင်္ဂလာတစ်ခုပါပဲ။
blessing ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မင်္ဂလာလို့ အဓိပ္ပာယ်ကောက်တယ်။ ဒါဖြင့် မင်္ဂလာဆိုတဲ့အဓိပ္ပာယ်ကကော ဘာလဲလို့မေးရင် ဘယ့်နှယ်ဖြေမလဲ။ မင်္ဂလာဆိုတဲ့ အဓိပ္ပာယ်က ရိုးရိုးပြောရရင်တော့ အောင်မြင်ဖို့ ကြီးပွားဖို့ ပြည့်စုံဖို့ တိုးတက်ဖို့ရာ အကြောင်းတဲ့။
အဲဒီတော့ အခက်အခဲတစ်ခုကို ရင်ဆိုင်လိုက်တိုင်း ရင်ဆိုင်လိုက်တိုင်း အတွေ့အကြုံတစ်ခုထဲက မြင့်မြတ်တဲ့ သင်ခန်းစာတစ်ခုကို ရလိုက်တိုင်း ရလိုက်တိုင်း ကိုယ့်အတွက် အဲ့ဒါဟာ တိုးတက်ဖို့၊ ကြီးပွားဖို့၊ ပြည့်စုံဖို့၊ အောင်မြင်ဖို့ရာအတွက် အကြောင်းတစ်ခု တိုးလာပြီ။ ကိုယ်ဟာ ပိုပြီးတော့ အောင်မြင်တဲ့သူ ဖြစ်ပြီ။
It is good to be tested.
အစမ်းခံရတာ အစစ်ခံရတာ
အင်မတန် ကောင်းပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ဒကာမကြီးတစ်ယောက်က လာပြောတယ်။
(သူ့ဘဝမှာ ဒုက္ခတွေ တော်တော်များတယ် ထင်ပါတယ်။) 'အရှင်ဘုရား ဘဝဆိုတာ အစမ်းခံရတာများ ဖြစ်နေရော့လား' တဲ့။ မှန်ပါတယ်။ အစမ်းခံနေရတာပါပဲ။
It is good to be tested. We grow and learn through passing test.
စာမေးပွဲတွေကို အစစ်ခံပြီးတော့ အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့သူ ဖြစ်လာတယ်။ ကြီးပွားတဲ့လူ ဖြစ်လာတယ်။ အသိဉာဏ်ကော စိတ်ဓာတ်ကော ကြီးပွါးလာတယ်။
I looked upon all my tests as good experiences.
အစမ်းခံခဲ့ရတာတွေဟာ အားလုံး ကောင်းပါတယ်လို့ပဲ မြင်လာတယ်။
ဘုန်းကြီးလည်း ငယ်ငယ်လေးကတည်းက လောကဓံတွေ အများကြီး ကြုံခဲ့ရတာပဲ။ အခုပြန်ပြီးတော့ စဉ်းစားကြည့်တဲ့အခါမှာ အဲဒါတွေ အားလုံးဟာ တော်တော် အကျိုးများပါတယ်။ အင်မတန် ကောင်းပါတယ်။
#ဆရာတော်ဦးဇောတိက_မဟာမြိုင်တောရ
(အခွင့်အရေးနှင့်တာဝန် စာအုပ်မှ)
#Sayar_Aung_Khant_Maw
#Sir_Dhaniram
#ပြန်လည်ရေးသားပူဇော်သည်။

ဆရာတော်ဦးဇောတိက မဟာမြိုင်တောရWhere stories live. Discover now