Chapter 215

1.1K 90 0
                                    

Chapter 215 : ဘဝင်မြင့်သည့် မိန်းကလေး

ရှန်းကျင်က လျို့သန်းချင်းအား တစ်ချက်ကြည့်၍ ခေါင်းယမ်းလိုက်ပြီးနောက် သူမ၏ ခေါက်ပိုက်ဆံအိတ်ကိုထုတ်၍ ငွေရှင်းလိုက်သည်။

"မင်းရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လူတွေဆီက အထောက်အပံ့ကို လက်ခံရလောက်တဲ့အထိ ငါ မဆင်းရဲသေးဘူး။ ပြီးတော့ မင်း ခုနက အရမ်းစကားများလွန်းသွားလို့နဲ့တူတယ်။ မင်းရဲ့မိတ်ကပ်တွေက အရာတွေထင်နေပြီ"

လျို့သန်းရှင်းက ကြောင်တောင်တောင်ဖြစ်သွားကာ အိတ်ဆောင်မှန်တစ်ချပ်ကို ခပ်မြန်မြန် ဆွဲထုတ်လိုက်ပြီး သူမ၏ မျက်နှာကို စစ်ကြည့်လိုက်သည်။

သူမ၏ မိတ်ကပ်မှာ ယခင်အတိုင်းသာ ရှိနေသည်ကို မြင်လိုက်ရရာ သူမသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျင်းယွင်ကျောင်းနှင့်ရှန်းကျင်တို့၏ လမ်းကို မသိစိတ်အလျောက် ပိတ်ရပ်လိုက်၏။

"ဟမ့်၊ ရှင်က ရှင်လုပ်နိုင်တာထက် ပိုဟန်ဆောင်နေပြီး အခြားသူတွေရဲ့အထင်ကြီးမှုကို ရှာဖွေနေတယ်။ ဒါရိုက်တာရှန်း၊ ရှင့်အသက်အရွယ်နဲ့ဆို ရှင်က အတော်လေး ဆွဲဆောင်မှုရှိနေသေးတာ။ ရှင်က ကျွန်မရဲ့အကူအညီကို မလိုချင်လည်း အဆင်ပြေပါတယ်။ ကျွန်မနဲ့ သိတဲ့ သူဌေးကြီးတွေ အများကြီးရှိတယ်၊ ကျွန်မ ရှင့်ကို သူတို့နဲ့ မိတ်ဆက်ပေးရင်ရော ဘယ််လိုလဲ။ အိုး...ရှင် ဒါရိုက်တာဝမ်ကို မှတ်မိလား။ သူက ရှင့်ကို နှစ်နဲ့ချီအောင် လိုက်ဖူးတယ်လေ။ ဒါပေမယ့် ရှင်က သူ့ကို ငြင်းလိုက်တာ။ အခု သူ ရှင့်ကို မြင်ရင် သေချာပေါက် စိတ်ဝင်စားနေဦးမယ်လို့ ကျွန်မယုံကြည်တယ်။ ရှင်လည်း အကျိုးအမြတ်ရဖို့ အခွင့်အရေးရှိနိုင်ပါတယ်"

လျို့သန်းချင်းက သူတို့အား ထပ်မံ၍ ထပ်ခါတလဲလဲ စိတ်အနှောက်အယှက် ပေးနေပြန်သည်။

ကျင်းယွင်ကျောင်းသည် ယခင်က လူများစွာနှင့် မတွေ့ဖူးသောကြောင့် ဤမိန်းမမျိုးကို မြင်သောအခါ သူမသည် ဒေါသထွက်သည်ထက် စပ်စုချင်စိတ်က ပိုများလာသည်။

ဤအမျိုးသမီး လျို့သန်းချင်း ဝတ်ဆင်ထားသမျှသည် နာမည်ကြီးတံဆိပ်များသာ ဖြစ်၏။ သို့သော် သူမ ဝတ်ထားသောအခါ ထိုတန်ဖိုးကြီးပစ္စည်းများက သူမအား ရာဇဝင်ထဲမှ အပျော်မယ်တစ်ယောက်အလား အပေါစားဆန်သွားစေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Où les histoires vivent. Découvrez maintenant