Chapter 219

1.3K 86 0
                                    

Chapter 219 : ခပ်လေးလေး အရသာများ

ရှောင်ဟိုင်ချင်းသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။ ရည်းစားစာ၏ ပထမတစ်ဝက်သည် အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ရာ မကောင်းဘဲ အဆုံးသတ်ရောက်မှသာ သူတို့အား အန်ချင်အောင် လုပ်သွားခြင်းပင်။

"ဆက်မဖတ်တော့နဲ့။"

ကျင်းယွင်ကျောင်းက တင်းမာနေသော မျက်နှာထားဖြင့် ပြောလာ၏။ ထို့နောက် သူမသည် ရှောင်ဟိုင်ချင်းဆီမှ စာကို ပြန်ဆွဲယူလိုက်ပြီး ဆက်ဖတ်လိုက်သည်။

"နေ့တစ်နေ့ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ ကိုယ် မင်းရဲ့ သလင်းကျောက်လို မျက်လုံးကြည်ကြည်လေးတွေကို အိပ်မက်မက်တယ်။ ကိုယ့်ရဲ့အာရုံကြောတွေက တင်းထောင်လာပြီးတော့ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့သိုဝှက်ထားတဲ့ စိတ်ခံစားချက်တွေကို ဆက်ထိန်းမထားနိုင်တော့ဘူး။ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်တွေကို ကိုယ့်ရဲ့အသားပေါ်မှာ ထွင်းထားချင်ပြီးတော့ နေ့ရောညပါ ပွတ်သပ်ပေးနေချင်တယ်။ မင််းရဲ့လှပခြင်း၊ မင်းရဲ့ကောင်းမွန်ခြင်းတွေက ကိုယ့်ကို သရေကျတဲ့အထိ လိုချင်တပ်မက်စေတယ်။၊ မင်းက ကိုယ့်ဘေးမှာ၊ ကိုယ့်ရဲ့အောက်မှာ၊ က်ုယ့်ရဲ့နှလုံးသားထဲမှာဆိုပြီး မရေမတွက်နိုင်အောင် အိပ်မက်မက်တယ်။ မင်းရဲ့ချိုသာတဲ့အသံလေးက ကိုယ့်ရဲ့ အသည်းကြိုးလေးတွေကို ဆွဲငင်နေပြီးတော့ မင်းရဲ့အချစ်နွံထဲမှာ ထပ်ခါထပ်ခါ ကျဆင်းစေတယ်။"

ဤစာတစ်စောင်လုံးသည် ညစ်ညမ်းသော စကားလုံးများနှင့်သာ ပြည့်နှက်နေရာ ဤကဲ့သို့သောစာမျိုးကို ရည်းစားစာဟု ခေါ်နိုင်သေးသည်လား။

စာတစ်စောင်လုံးအား ဖတ်ပြီးသောအခါ စူးချူနှင့်ကန်ကျင်းချန်တို့အပြင် အစောပိုင်းက ပြောင်စပ်စပ်ဖြစ်နေသော ရှောင်ဟုန်ချင်းသည်လည်း လုံးဝ ဒေါသထွက်သွား၏။

သူတို့၏စိတ်ထဲ၌ ကျင်းယွင်ကျောင်းကဲ့သို့ သန့်စင်၍ ဂုဏ်ကျက်သရေရှိသောသူသည် တိမ်တိုက်များ၏ဘေးရှိ တောင်စွန်းတစ်ခုပေါ်တွင် ရပ်နေသူနှင့်တူပြီး တိတ်ဆိတ်ငြိမ်သက်လွန်းသောကြောင့် ဖုန်မှုန့်လေးများကပင် မနှောက်ယှက်နိုင်ပေ၊ သို့သော် ဤရည်းစားစာသည် လူများအား အန်ချင်စိတ်ဖြစ်စေသည်အထိ ယုတ်ညံ့လွန်းလှသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Donde viven las historias. Descúbrelo ahora