Chapter 396 : ခင်မင်ရင်းနှီးမှု
ပိုင်ယွီအန်းက ကျင်းယွင်ကျောင်းသည် သူ၏ ညီမငယ်ဖြစ်ကြောင်း စပြောခဲ့စဥ်က ဟုန်ထျန်းသည် ပိုင်ယွီအန်းအား မျက်နှာသာပေးချင်ခဲ့သည်။
သို့သော် ပိုင်ယွီအန်း၏ အထက်စီးဆန်မှုများကို မြင်သောအခါ ရုတ်တရက် စိတ်ပြောင်းသွားတော့သည်။
"ရှင်က ကျွန်မ ပြောသမျှကို ယုံတယ်ပေါ့။ ဒါဆိုရင် ကျွန်မ မေးပါရစေဦး။ မျက်မြင်သက်သေရှိလား"
ကျင်းယွင်ကျောင်းက ရုတ်တရက် ဝင်ပြောလာ၏။
"ကျွန်မ လုပ်ပါတယ်ဆိုတာကို မျက်မြင်သက်သေ မရှိတာကို ထည့်မပြောသေးနဲ့ဦး။ ကျွန်မ တကယ်လုပ်ခဲ့တယ်ဆိုရင်တောင်မှ မေးချင်တာ ရှိသေးတယ်။ ခဲနဲ့ ပစ်တာကို ကျွန်မက အားဘယ်လောက်တောင်သုံးလို့ သူ မြင်းပေါ်ကနေ ပြုတ်ကျတဲ့အထိဖြစ်သွားတာလဲ။ တကယ်တမ်း အားသုံးမယ်ဆိုရင် အကွာအဝေးက ပိုများသင့်တာ မဟုတ်လား။ ပြီးတော့ ကျွန်မ ဒီလို ခဲနဲ့ပေါက်ဖို့ ဟန်ပြင်နေတုန်းက ဝန်ထမ်းတွေက ဘာလို့ လာမတားတာလဲ"
"ဒါ့အပြင် ကျွန်မကို ဖမ်းချုပ်ချင်တယ်ဆိုရင် မမလေးဟုန်ကိုရော အရေးမယူဘူးလား။ အစောပိုင်းက ကျီရှန်းရှန်းရဲ့မြင်း ဘာကြောင့်လန့်သွားတယ်ဆိုတာကို ရှင်တို့ မမြင်လိုက်ကြဘူးလား"
ကျင်းယွင်ကျောင်းက ထပ်ဖြည့်ပြောလိုက်၏။
သို့သော် ထိုစကားကိုကြားသောအခါ ဟုန်ဝမ်က ပြုံးလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်၍ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာဖြင့် မေးလိုက်သည်။
"အားလုံးပဲ၊ ပြောကြပါဦး။ ကျွန်မ ကြာပွတ်လွှဲလိုက်တာကို ဘယ်သူမြင်လဲ"
မည်သူမှ အသံထွက်မလာပေ။
"ဒါဆိုရင် ကျင်းယွင်ကျောင်း ခဲလုံးကို ကောက်ပြီး ကျွန်မရဲ့မြင်းကို ပစ်လိုက်တာကိုရော မြင်ကြလား"
ဟုန်ဝမ်က ထပ်မေးပြန်သည်။
သို့ရာတွင် ထိုစကားဆုံးသည်နှင့် အကြီးအကဲထန်က ရုတ်တရက် ချောင်းဟန့်လိုက်ပြီး ...