Chapter 361

462 49 0
                                    

Chapter 361 : အထက်စီးဆန်သူ

စန်းရန်သည် စကားဆုံးသည်နှင့် မြေကြီးပေါ်မှ ထရပ်လိုက်ပြီး အဝတ်အစားများကို ဖုန်ခါကာ ချွေ့ကျန်းရှန်းကို ကြည့်၍ ဆက်ပြောလိုက်သည်။

"အစောပိုင်းတုန်းက ကျွန်မ အလောင်းအစားလုပ်ဖို့ ရှင်ကိုယ်တိုင်ကိုယ်ကျ သဘောတူခဲ့တာနော်၊ ဒါကြောင့် အခုမှ နောင်တရနေလည်း အလကားပဲ။ ကျွန်မက သူ့ကို မယှဥ်နိုင်ဘူး...လုံးဝ မယှဥ်နိုင်ဘူး"

စန်းရန် ထိုစကားများကို ပြောနေစဥ်တွင် ချွေ့ကျန်းရှန်းသည် အလွန်အမင်း ဒေါသထွက်လာ၍ သူမအား ပါးရိုက်လိုက်၏။

ထိုအခါ ဘေးနားရှိလူများက ချက်ချင်း ဝိုင်းဆွဲကြသဖြင့် ချွေ့ကျန်းရှန်းက စကားဖြင့်သာ ထပ်မံ၍ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"အဓိပ္ပါယ် မရှိတာတွေ မပြောစမ်းနဲ့။ ဒီကိစ္စက မင်း ဂရုမစိုက်လို့ ဖြစ်ရတာလေ"

သူသာ သည်ကိစ္စကို လေးလေးနက်နက်ထားပြီး ကြိုးစားရင် မနိုင်ဘဲနေမလား။

ပြီးတော့ ကျင်းယွင်ကျောင်းက သူ့ထက် အသက်လည်း အများကြီး ပိုငယ်တယ်၊ သူက ငါတို့မိသားစုဆီမှာ နှစ်ပေါင်းများစွာ အလကား ကပ်ရပ်စားထားတာ မဟုတ်လား။

ထိုအခါ စန်းရန်က သူမ၏ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး မျက်လုံးထဲ၌ မုန်းတီးမှုများ ဖြတ်ပြေးသွားကာ ချွေ့ကျန်းရှန်းအား စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျင်းယွင်ကျောင်းအား လှည့်ကြည့်လိုက်ရာ ကင်းခြေများနှင့် အလုပ်ရှုပ်နေသည်ကိုသာ မြင်လိုက်ရ၏။ သူမသည် ထိုကဲ့သို့ ရွံစရာကောင်းသော အလုပ်များကို လုပ်နိုင်သည်ဖြစ်၍ အော်ဂလီဆန်စရာ ကောင်းလွန်းလှသည်။

"ကျွန်မက ပြိုင်ပွဲလေးတစ်ပွဲပဲ ရှုံးသွားတာပါ။ ပြီးတော့ ချွေ့ကျွင်းကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီနေ့ ဒီနေရာမှာ ရှိမှာမဟုတ်ဘူး။ အခုကျ ကျွန်မအမှားတဲ့လား။ ဘာလို့ ကျွန်မကိုပဲ အပြစ်တွေပုံချနေတာလဲ"

စန်းရန်က လက်သီးတင်းတင်းဆုပ်၍ ခါးသီးစွာ ပြောလိုက်၏။

ထိုအခါ ချွေ့ကျန်းရှန်းက အေးစက်စက်အသံဖြင့် လှောင်ရယ်လိုက်ပြီး သူ၏ မျက်နှာအမူအယာကလည်း အကျည်းတန်လှသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Kde žijí příběhy. Začni objevovat