Chapter 381-385

382 42 0
                                    

Chapter 381 : အကြွေးရှင်ရဲ့ချစ်သူ

ရှောင်ဟိုင်ချင်းသည် ကျန်းရုံကဲ့သို့ ချစ်စရာကောင်းချင်ယောင် ဆောင်ချင်သော်လည်း ချစ်စရာကောင်းခြင်းက သူမ၏ စရိုက်အစစ်အမှန်မဟုတ်ပေ။ ထို့အပြင် သူမသည် တစ်သက်လုံး ချစ်စရာကောင်းချင်ယောင်ဆောင်ပြီးလည်း မနေနိုင်သဖြင့် ကျန်းရုံထက် ဘယ်တော့မှ ပို၍ကောင်းလာမည် မဟုတ်။

ယခင်က သူမသည် အထက်စီးဆန်ဆန် ပြောဆိုရန်အခွင့်အရေး မရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ကျင်းယွင်ကျောင်းက သူတို့၏ အဖိုးတန်သားလေးကို ကယ်ထားသဖြင့် ဖခင်ဖြစ်သူက သူမအား လုံးဝဒေါသ မထွက်ပေ။

ကျန်းရုံက ငါ့ကို တားချင်နေတာလား။ သူက ငါ့ကို တားနိုင်ရလောက်အောင် သည့်နေ့ ဘယ်လောက်များအသုံးကျထားလို့လဲ။

ငါ့အဖေ အရှေ့မှာဆိုရင် အမှားလုပ်ထားတဲ့သူတစ်ယောက်က ပြန်ပြီးချေပခွင့် မရှိဘူးလေ။ သူက အစောပိုင်းကမှ အမှားလုပ်ထားတာ မဟုတ်လား။

"ဟိုင်ချင်း၊ ပြဿနာ မရှာတော့နဲ့။ အန်တီကျန်းက အမှားလုပ်ထားတယ်ဆိုပေမယ့် မင်းကို တောင်းပန်ပြီးသွားပြီလေ"

ရှောင်တောက်အန်းက မျက်မှောင်ကြုံ့၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ဒေါသစိတ်ကို မထိန်းနိုင်ခြင်းသည် အမှားတစ်ခုသာဖြစ်၏။

ထိုအခါ ရှောင်ဟိုင်ချင်းက ခေါင်းယမ်းလိုက်ပြီး စက္ကူပတ်ထားသည့် စာအုပ်များကို အိတ်အကြီးတစ်လုံးထဲမှ ထုတ်ယူလိုက်၍ ရှောင်တောက်အန်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ဟောဒီ 'နာမည်ကျော်တစ်ဦးဖြစ်အောင် ကျင့်ကြံနည်း' ဆိုတဲ့စာအုပ်က တကယ့်ဂန္တဝင်ပဲ။ ကျွန်မ ဒီစာအုပ်ကို ဖတ်ပြီးတော့ အတော်လေး ဗဟုသုတရလိုက်ပါတယ်။ ဒါကြောင့် အန်တီကျန်းကိုလည်း ဒီစာအုပ်ကို ခဏခဏဖတ်ဖို့ အကြံပေးချင်တယ်။ တခြားပစ္စည်းတွေ အားလုံးကလည်း အန်တီဝယ်ပေးထားတာဆိုပေမယ့် ဒါတွေကို အန်တီကိုယ်တိုင်က ပိုပြီး ဖတ်ရှုလေ့လာဖို့ လိုတယ်လို့ ကျွန်မ ထင်တယ်။ ဒီနေ့ သူက ကျွင်းကျွင်းရဲ့အသက်သခင် ကျေးဇူးရှင်ဖြစ်တဲ့ ကျွန်မ သူငယ်ချင်းကိုတောင် အော်ခဲ့တာလေ။ နောက်နေ့ကျရင် အဖေ့ကိုလည်း ဖောက်သည်တစ်ယောက်လို ဝတ်ကျေတန်းကျေပဲ ဆက်ဆံနေနိုင်တယ် မဟုတ်လား"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2حيث تعيش القصص. اكتشف الآن