Ep_1

2.3K 44 0
                                    


နှစ်တစ်နှစ်ရဲ့ ဟေမာန်နွေစရောက်ရှိလို့လာလေပြီ မြိုင်ဟာ ပန်းဆိုင်မှအပြန်ရေမိုးချိုး၍ ပြတင်းတံခါးနားက စာကြည့်စားပွဲ‌ပေါ်ထိုင်ကာ ပုညခင်၏"လက်ကျန်လရောင်"စာအုပ်အားထိုင်ဖတ်နေလေသည်။

ထိုစဉ်တံခါးဖွင့်သံနှင့်အတူ ဟိတ်မြိုင် နှောင်းတို့အတူ ဘုရားရင်ပြင်ပေါ်သွားရအောင်လေ ‌တို့နှစ်ယောက်လုံးအားတဲ့အချိန်က ခပ်ရှားရှားရယ် လိုက်မယ်မလားမြိုင် မငြင်းရဘူးနော် ငြင်းရင်တို့စိတ်ဆိုးမှာ နှောင်းရယ် ခလေးကျလို့ ခုထိစိတ်ကောက်တုန်း ‌မြိုင်တို့နှစ်ယောက်တည်းဆို ပျင်းစရာကောင်းတယ်လေနှောင်း မြိုင့်အစ်ကိုကိုပါအတူခေါ်ရအောင်လေနော်

သူရိန်ကသူ့အမှုသည်ကိစ္စတွေနဲ့သူတောင် မအားတာ နှောင်းတို့နဲ့အတူလိုက်ပါ့မလားမြိုင်ရယ် ဟာ..သူ့ညီမတစ်ယောက်လုံးနဲ့ သူ့အချစ်တော်ကြီးပါနေတာပဲ သူငြင်းပါ့မလားနှောင်းရဲ့ ဟာ...‌မြိုင်နော် ဘာတွေပြောမှန်းလဲမသိဘူး အယ် အပျိုကြီးတစ်ယောက်တော့ တို့စကားကြောင့် ရှက်သွေးဖျာသွားချေပြီ

‌မြိုင်နော် နှောင်းစိတ်ဆိုးလိုက်မှာရှင့် တော်ပြီတော်ပြီ နှောင်းကိုမစတော့ပါဘူး မြိုင်အစ်ကို့ဆီဖုန်းဆက်အုံးမယ် ကလင်~ကလင်~ကလင် ဟယ်လိုမြိုင်လေး ပြောပါဗျာ့ အစ်ကို မြိုင်နဲ့နှောင်းတို့အတူ အားလပ်ရက်လေးမဆုံတာကြာလို့လေ ဘုရားရင်ပြင်ပေါ်သွားရင်း မုန့်ထွက်စားကြမို့ အစ်ကိုပါလိုက်ခဲ့ပါလား မိန်းမသားနှစ်ယောက်အပြင် ယောကျာ်းသားပါတော့စိတ်ချရတာပေါ့ လိုက်ခဲ့ပါနော်အစ်ကို

အာ...ဟုတ်ပြီလေ နှောင်းပါတာသေချာတယ်မလားမြိုင် ဒါပေါ့ အစ်ကိုသာခပ်မိုက်မိုက်လေးဝတ်ခဲ့ မြိုင်အိမ်မှာစောင့်နေမယ်နော်အစ်ကို ဟုတ်ပြီမြိုင်လေး အစ်ကိုခုထွက်လာပြီ မြိုင်သူရိန်ကဘာတဲ့လဲ အစ်ကိုကလာမယ်တဲ့ ပြင်ထား‌တော့နှောင်းရေ ဒါနဲ့မြိုင်နှောင်းအတွက် မြိုင်ကချင်ဝမ်းဆက်စလေး ဝယ်ပေးထားတယ် ဒီနေ့အဲ့တာလေးဝတ်ပါလားနှောင်း နှောင်းနဲ့ဆိုသိပ်လိုက်မှာ သွားအင်္ကျီလဲပြီးမျက်နှာမိတ်ကပ်လေး နဲနဲပြင်လာခဲ့ မြိုင်အောက်ကစောင့်နေမယ်



သူရကသူ့အမှုသည်ကိစ္စတွေနဲ့သူတောင် မအားတာ နှောင်းတို့နဲ့အတူလိုက်ပါ့မလားမြိုင်ရယ် ဟာ..သူ့ညီမတစ်ယောက်လုံးနဲ့ သူ့အချစ်တော်ကြီးပါနေတာပဲ သူငြင်းပါ့မလားနှောင်းရဲ့ ဟာ...‌မြိုင်နော် ဘာတွေပြောမှန်းလဲမသိဘူး အယ် အပျိုကြီးတစ်ယောက်တော့ တို့စကားကြောင့် ရှက်သွေးဖျာသွားချေပြီ



နှင်းဆီစေလျှင်Where stories live. Discover now