Ep_14

289 18 0
                                    

"အော် နှောင်းကောမနက်စာစားပြီးပြီလား"

"မစားရသေးပါဘူးရှင် မြိုင်နဲ့အတူ‌အဖော်လုပ်ပြီးစားပေးမယ် ပြီးရင်ခန်းမကိုသွားကြတာပေါ့"

"ဟုတ်ပြီနှောင်း"

‌နှောင်းတို့နှစ်ယောက်မနက်စာစားပြီးသည်နှင့် ခန်းမသို့ထွက်ခွာလာကြသည်။

"နှောင်း နှင်းဆီအနီတွေကပိုအဆင်ပြေမယ် ပြီးရင်ဒီလိုက်ကာတွေကို အဖြူနဲ့အပြာသုံးပေးတာကပိုပြီးလှမယ်လို့မြိုင်တော့ထင်တယ်"

"ဒါကတော့မြိုင့်သဘောပဲ နှောင်းကမြိုင့်ကိုယုံလို့အပ်ထားတာပဲ"

မြိုင်နှင့်နှောင်းအလုပ်ရှုပ်နေသကဲ့သို့ တစ်ဖက်တွင်သူရိန်ဟာလည်း အမှုသည်ကိစ္စအပြီးနှောင်းကိုproposeလုပ်ဖို့ သူငယ်ချင်းဖြစ်သူစိုင်းမဟာနှင့်တိုင်ပင်နေလေသည်။

"ကိုမဟာ ကျွန်တော့်ကိုအကြံဉာဏ်လေးပေးပါဦးဗျာ ကျွန်တော်ဘယ်လိုဖွင့်ပြောသင့်လဲ သူက‌ဆရာမဆိုတော့ကျွန်တော့်ကြောင့်သူ့ဂုဏ်သိက္ခာထိခိုက်သွားမှာလဲစိုးရတယ်"

"အမယ် ငါတို့ရဲ‌့ကိုကျောက်တုံးကြီးက နှောင်းမခမာန်ဆိုတဲ့ဆရာမလေးနဲ့လဲတွေ့ရော ဖယောင်းတိုင်‌လိုအရည်ပျော်ကျလို့ပါလား ခွီးးးး"

"ဟာဗျာ ကိုမဟာကလဲ ကျွန်တော်ကအတည်မေးနေတာ"

"ဟားဟား ဟုတ်ပါပြီသူရိန်ရာ အစ်ကိုပြောပြမယ် မိန်းကလေးတို့သဘောသဘာဝက သိပ်ကိုရိုးရှင်းတယ် သူတို့ကိုပန်းတစ်ပွင့်နဲ့လဲ ပျော်အောင်လုပ်နိုင်တယ် မင်းကသူ့အတွက်ငွေကြေးအများကြီးအကုန်ကျမခံရင်တောင် ရပါတယ်ကွာ သူလဲမင်းအပေါ်ကိုညွှတ်နေတာမလား မင်းသာခြေသွက်လက်သွက်မရှိတာ"

"ဒါဆိုဒီနေ့ညသူ့ကိုdinnerဖိတ်လိုက်မယ် နှောင်းကနေကြာတွေကိုသဘောကျလောက်မှာဗျာ့"

"အပိုတွေလုပ်မနေနဲ့ဟေ့ကောင် မင်းဘာသာမင်းနေကြာပေးချင်ပေးချင်တယ်ပေါ့"

"ဟာ....တော်ပြီ ကိုမဟာနဲ့ပြောရတာအပေါက်လမ်းကိုမတည့်ဘူး မြိုင့်ဆိုင်ဆီသွားတော့မယ်"

လူတွေလူတွေအချစ်နဲ့ထိတွေ့တော့လဲပြောင်းလဲလာတတ်ကြတာ  အသည်းနှလုံးမရှိဘူးထင်ရတဲ့ သူရိန့်လိုလူတောင် အနုအယွတွေနဲ့ကဗျာဆန်တတ်လာပြီ

နှင်းဆီစေလျှင်Where stories live. Discover now