"ဒီလိုကွာ ငါနဲ့အန်တီကအခြေနေတစ်ဆင့်တက်သွားပြီ"
"ဟမ်ရှင်းစမ်းပါအုံးဟ"
"ငါအန်တီနဲ့ညဘက်တွေဆိုဖုန်းပြောလို့ရပြီကွ"
"ဪ ဒါလားမင်းပြောတဲ့သတင်းကောင်း"
"ဟုတ်တယ်လေ မင်းတို့အခွက်တွေကဘာဖြစ်ကုန်ကြတာ"
"အတ္တ မင်းသူ့ကိုသဘောကျတာလဲကြာပြီ ခုမှအခြေနေကဒီလောက်ဆိုတာကမဟုတ်သေးဘူး"
"အာကာပြောတာမှန်တယ်အတ္တ မင်းအန်တီကမင်းကိုဆိုခါးခါးသီးသီးဖြစ်နေတာရှေ့ဆက်တိုးရင်မင်းပဲနာကျင်ရမှာ"
"ဒါပေမဲ့ငါအန်တီကိုချစ်တယ် သူလက်ခံလာတဲ့အထိငါကြိုးစားမယ်"
"မင်းမလဲ"
"ငါပြန်ပြီသွားစရာလေးရှိသေးလို့"
"အေးအေး ငါတို့4ယောက်တစ်ရက်လောက်ဆုံကြရအောင်အတ္တ"
"ဟုတ်ပြီမင်းတို့ဖုန်းတက်လိုက်လေ"
...............................At 7:30 pm
ကလင်~ကလင်~ကလင်
"ဟလို သစ္စာမြိုင်ပြောနေပါတယ်"
"ဟလိုအန်တီ"
"အော် မင်းပဲ"
"အန်တီကမှတ်မိနေပြီလား"
"မင်းအသံကိုတို့အလွတ်ရနေပြီခလေးမရယ်"
"အဟိ ဒီလိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကနောက်ဆိုမောင့်အပိုင်ဖြစ်လာတော့မယ်"
"အမယ်ပိုင်ဆိုးပိုင်နင်းနဲ့"
"အန်တီ ချစ်တယ်သိလား"
"တို့သိပါတယ်အတ္တမောင်"
"ဘာလို့ပြန်မချစ်နိုင်ရသလဲဗျာ"
"မင်းနဲ့တို့ကချစ်လို့မဖြစ်နိုင်လို့ပေါ့အတ္တမောင်"
"အန်တီ"
"အင် တို့အိပ်ချင်ပြီအတ္တမောင် အိပ်တော့မယ်ဖုန်းချပြီနော်"
ဟူးငါတောင်ဘာမှမပြောလိုက်ရဘူး သူကချည်းပြောပြီးဖုန်းချသွားတယ်
"မောနင်းအစ်ကို"
"မောနင်းမြိုင်"
"ဟုတ်ကဲ့ အစ်ကိုနှောင်းနဲ့အဆင်ပြေကြရဲ့လား"
YOU ARE READING
နှင်းဆီစေလျှင်
Fantasyနှင်းဆီနီတွေဆို သိပ်သဘောကျတတ်တဲ့အချစ်ရယ် မင်းသာကြည်ဖြူရင် မင်းခြေဖျားအောက် ကိုယ်အရာခပ်သိမ်းခဆင်းပါ့မယ် ရှင်ကွဲလဲမကွဲချင်သလို သေကွဲလဲမကွဲပါရစေနဲ့ မင်းမရှိတဲ့အိမ်ဟာအဓိပ္ပာယ်မဲ့သလို မင်းရှိတဲ့အရပ်ဟာ ကိုယ့်ရဲ့နွေးထွေးရာ အိမ်ငယ်လေးတစ်လုံးပါ မင်းသာကြည်ဖြ...