Ep_39

309 19 0
                                    

သျှားအမေးများအား ပြန်မဖြေသောကြောင့် စိတ်ပူတတ်လွန်းသူသျှားဟာ မြိုင့်အခန်းထဲသို့ဝင်သွားလေသည်..။

ကုတင်ပေါ်တွင် ခလေးတစ်‌ယောက်ပမာအိပ်‌နေသူ မြိုင့်အားမြင်လိုက်ရ‌သည်မို့ သျှားစိတ်အေးရလေသည်..။

မြိုင့်နဖူးပေါ်သို့ကျနေသောဆံစ‌လေးအား လက်ဖြင့်အသာအယာသပ်ပေးကာ..

*မမကအိပ်နေတဲ့အချိန် ခလေးလိုပဲ အပူအပင်ကင်းတယ် သျှားသာအဖြစ်မှန်တွေကိုပြောပြီး မမကိုအရင်ဖွင့်ပြောခဲ့ရင် မမသျှားကိုလက်ခံမှာလား*

သျှားသည် မြိုင့်အခန်းလိုက်ကာများအား ဆွဲဖွင့်၍ မြိုင့်ကုတင်ခြေရင်းကခုံတွင် ဝင်ထိုင်ကာစာဖတ်နေလေသည်..။

‌"နှောင်း"

"ဟော မောင်ဒီနေ့နောက်ကျမယ်ဆို"

"ဟုတ်တယ်နှောင်းရဲ့ ဒါပေမဲ့အခုကမောင့်အချစ်ကို လွမ်းလို့လေ နောက်ပြီးအလုပ်ကစောစောပြီးတာနဲ့ပြန်လာတာ"

"ဟုတ်ပါပြီ ရေချိုးတော့လေ နှောင်းညစာပြင်ထားမယ်"

"အင်း မောင်လဲခနကျလာကူမယ် ဒါနဲ့ဖူးပွင့်ရောက်နေတာလားနှောင်း မောင်သူနဲ့ပြောစရာရှိသေးတယ်"

"ဟုတ်တယ်မောင် မြိုင့်အခန်းထဲမှာပဲထင်တယ်"

"ဒါဆိုမောင်သွားအုံးမယ် ပြွတ်စ်"

"ဟာမောင်နော်"

"ဘယ်သူမှမမြင်ပါဘူးနှောင်းရယ် မရှက်ပါနဲ့"

‌သူရိန်သည် နှောင်းပါးလေးအား အနမ်းပန်းခြွေကာ အပေါ်ထပ်သို့တက်ခဲ့လေသည်..။

ဒေါက်..ဒေါက်

"မြိုင်..ဖူးပွင့် အစ်ကိုဝင်လာမယ်နော်"

သူရိန့်အသံကြားသည်မို့ သျှားလဲဖတ်လက်စ စာအုပ်လေးကာဘေးချကာ

"ဟုတ်ကဲ့အစ်ကိုသူရိန်"

"အော် ဖူးပွင့်မြိုင်နိုးလာတာကိုစောင့်နေတာလား"

"ဟုတ်တယ်အစ်ကို"

"အင်း အစ်ကိုလဲဖူးပွင့်ကိုပြောစရာလေးရှိလို့ ပြောစရာဆိုတာထက် အကူအညီတောင်းဖို့ဆိုပိုမှန်မယ်"

နှင်းဆီစေလျှင်Where stories live. Discover now