Ep_11

435 25 0
                                    

"ကြီးစောရေ အစ်ကိုပြန်ရောက်နေတာလားဂိုဒေါင်ထဲအစ်ကို့ကားတွေ့လို့လေ"

"ရောက်ပြီသမီးမြိုင် ခုနလေးတင်ပြန်လာတာ စာဖတ်ခန်းထဲမှာရှိလောက်မယ်ထင်တယ်"

"‌ဪ ဟုတ်ပြီကြီးစောဒါဆိုမြိုင်အစ်ကို့ဆီသွားလိုက်အုံးမယ်"

"ဟုတ်ကဲ့ပါ သမီးမြိုင် ကြီးစောကိုဘာခိုင်းဖို့ကျန်သေးလဲ"

"ရပြီကြီးစော နားရင်နားတော့လေ မြိုင်လဲပြန်ရောက်ပြီဆိုတော့ညစာကိုမြိုင်ပဲစီစဉ်လိုက်တော့မယ်"

"ဟုတ်ကဲ့ပါသမီးမြိုင်"

ဒေါက် ဒေါက်

"အစ်ကို မြိုင်ဝင်လာမယ်နော်"

"ဟော လာလေမြိုင် ပြန်လာတာနောက်ကျတယ်နော်"

"မြိုင်နောက်ကျတာမဟုတ်ပါဘူးနော် အစ်ကိုကသာစောစောပြန်ရောက်နေတာ ဒါနဲ့အစ်ကို မြိုင်ပြောစရာရှိလို့"

"ပြောလေမြိုင်လေး ဘာကိစ္စလဲ"

"ထွေထွေထူးထူးတော့မဟုတ်ပါဘူးအစ်ကို ရှေ့အပတ်တနင်္ဂနွေနေ့ကျရင် နှောင်းကကောက်သစ်စားပွဲလေးလုပ်မှာလေ အဲ့တာမြိုင်နဲ့အတူအစ်ကို့ပါတစ်ခါတည်းခေါ်ခိုင်းလိုက်တာ အဲ့ကြောင့်"

"အဲ့ဒါကြောင့်အခုအစ်ကို့ဆီအပူကပ်တယ်ပေါ့"

"အစ်ကိုကလဲလိုက်ခဲ့ပါ အဲ့နေ့အစ်ကို့အလုပ်တွေကသိပ်ပြီးအရေးမကြီးရင်ဖျက်လိုက်လေ နောက်နေ့ကျမြိုင်ကပါကူပေးမှာပေါ့"

"အစ်ကို့ကိုကူပေးမယ်ဆိုတော့ အစ်ကိုတို့အလုပ်အကြောင်းမြိုင်ကနားလည်လို့လား"

"အစ်ကိုရှိတာပဲ အစ်ကိုကဘေးကပြောပေါ့"

"ဟားးဟားး ဟုတ်ပါပြီဗျာ ဒါဆိုအစ်ကို့ကိုပြောစရာရှိတယ်ဆိုတာ လာမဲ့တနင်္ဂနွေကျ မြိုင်နဲ့အတူလိုက်စေချင်တာမလား"

"ဟဲဟဲ ဟုတ်တယ်အစ်ကို"

"ကောင်းပါပြီဗျာ လိုက်ခဲ့ပါမယ် အလုပ်ကပြန်ရောက်တာဆိုတော့ ရေမိုးချိုးပြီးနားအုံးလေမြိုင်"

"ဟုတ် ဒါဆိုမြိုင့်အခန်းဆီသွားပြီနော်အစ်ကို"

မြိုင်သည်အစ်ကိုဖြစ်သူအားနှုတ်ဆက်၍စာဖတ်ခန်းထဲမှထွက်လာခဲ့သည်။  အခန်းဆီအရောက်ကုတင်ပေါ်ခနလှဲ၍နားရာမှ ရေချိုးရန်ရေချိုးခန်းဆီသို့လျှောက်သွားခဲ့သည်။

နှင်းဆီစေလျှင်Where stories live. Discover now