Ep_43

215 14 0
                                    

"ဟင် ဘယ်လို"

"လာလိုက်ခဲ့ မောင်ပြမယ်"

မောင်သည် မြိုင့်လက်လေးအားဆွဲကာ မီးဖိုအနောက်ဘက်က နှင်းဆီခင်းသို့ခေါ်လာလေသည်..။

"နှင်းဆီနီတွေအများကြီးပဲ ဒါတွေအားလုံးမောင်စိုက်ထားတာလား"

"ဒါပေါ့အန်တီရဲ့ မောင်ကိုယ်တိုင်ပျိုးထားတာ အန်တီသဘောကျရတဲ့ပန်းတွေမို့ အမြတ်တနိုးနဲ့ပျိုးထားရတာ"

မြိုင်သည် မျက်စိရှေ့ကနှင်းဆီနီလေးအား  ခူးကာမောင့်ကိုပေးလေသည်..။

"မောင်ပျိုးထားတဲ့ပန်းနဲ့ မောင့်ကိုပန်းပြန်ပေးတာလားအန်တီ"

"မဟုတ်ဘူး ပန်ခိုင်းတာ ပန်ပေး"

မောင်သည် မြိုင့်အားကြည့်ကာ သဘောတကျရီမိလေသည်..။

"အန်တီကနှင်းဆီနီတွေနဲ့ဆို သိပ်လှတာပဲ ဆံထိုးနဲ့အတူထိုးထားတဲ့ပန်းလေးက လိုက်ဖက်တယ်"

"မောင်သိလား မြိုင့်ခေါင်းကဆံစကို ပထမဆုံးထိတွေ့ခွင့်ရတဲ့ လူကမောင်ဆိုတာကို"

"ဘယ်လိုအန်တီ"

"ဟုတ်တယ် ဆံနွယ်ရှည်တွေကိုသဘောကျသလို ဆံနွယ်ရှည်တွေလဲတန်ဖိုးထားတယ် တို့တန်ဖိုးထားတဲ့အရာကို တန်ဖိုးထားရတဲ့သူကထိတွေ့တာပဲလိုချင်တာ ဒါကြောင့်ငယ်ငယ်လေးကတည်းက ခေါင်းပေါ်ကဆံစကို ဘယ်သူ့ကိုမှပေးမထိတာ"

"အဟွင်း ဒေါ်သစ္စာမြိုင်တို့ကတော့နော် ခါးသီးတုန်းကလဲခါးသီးလို့ ခုများကျတော့လဲ လူကိုခြွေနေတာရစရာမရှိတော့ဘူး"

"မောင်နော်"

မြိုင်သည်လက်သီးဆုပ်လေးများဖြင့် မောင့်ရင်ဘက်အား ခပ်ဖွဖွထုကာ မောင့်အားမျက်နှာလွှဲသွားလေသည်..။

"အန်တီ မောင်တို့အတူဒီအိမ်ကြီးထဲ အသက်ကြီးတဲ့အထိ အတူတူနေကြမယ်နော်"

"မောင် တို့ရောက်နေတာလဲကြာပြီဆိုတော့ ပြန်တော့မယ်နော်"

"အန်တီကလဲ"

"ညနေအလုပ်ပြန်ကျဝင်လာခဲ့လေ စောင့်နေမယ်"

မြိုင်သည် မောင့်ဘယ်ဘက်ပါးလေးအား ခပ်ဖွဖွနမ်းကာ နေရာမှလှည့်ထွက်လာခဲ့သည်..။
...................................................

နှင်းဆီစေလျှင်Where stories live. Discover now