Ep_55

296 24 1
                                    

ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော မနက်ခင်းတစ်ခု အားလုံး၏မျက်နှာပေါ်တွင် နေရာယူထားသော အပြုံးလှလှလေးများ...

"နှောင်း အစ်ကိုနဲ့အတူ တသက်လုံးပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေနော်"

"‌မြိုင် နှောင်းအဆင်ပြေမှာပါနော်"

"ဒါကနှောင်းရဲ့ပွဲပဲဟာ ပြေမှာပါ"

"ဒါပေမဲ့နှောင်းမျက်လုံးတွေက"

"စိတ်မပူပါနဲ့ ဂုဏ်ရှိန်ကနှောင်းကို လျှောက်လမ်းကနေတဆင့် အစ်ကို့ဆီခေါ်သွားပေးမှာပါ"

"ဒါနဲ့နှောင်းသိလား အစ်ကိုကနှောင်းအတွက် လက်ကိုင်ပန်းစည်းကို နေကြာပန်းအသုံးပြုပေးထားတယ်ဆိုတာ နောက်ပြီးလျှောက်လမ်းဘေးမှာလဲ နေကြာပန်းအိုးတွေ အစီအရီချထားပေးတယ် နောက်ပြီးဒီဂါဝန်လေးကလဲ နှောင်းဝတ်ချင်တယ်လို့ပြောခဲ့ဖူးတဲ့ဂါဝန်လေးပဲ အစ်ကိုကအရာအားလုံးကို နှောင်းစိတ်တိုင်းကျလုပ်ပေးထားတာ"

"ဟုတ်လား နှမြောစရာကောင်းလိုက်တာ နှောင်းအတွက်လုပ်ပေးထားကြပေမဲ့ နှောင်းကဘာတစ်ခုမှမမြင်ရတာ"

"နှောင်းကဒီနေ့အရမ်းလှတာပဲ ဆွဲကြိုးနဲ့ဂါဝန်က လုံးဝကွက်တိပဲ"

"ဟုတ်လား"

"ဟုတ်တာပေါ့ ဒါနဲ့မြိုင်လဲပြင်စရာရှိတာလေးတွေ သွားပြင်လိုက်အုံးမယ်နော်"

မြိုင်သည် နှောင်းဆက်မပြောစေရန် စကားစဖြတ်ကာ အခန်းပြင်သို့ထွက်လာလေသည်..။

*အစ်ကို"

"မြိုင်လာလေ"

"....."

"မပြင်သေးဘူးလားမြိုင်"

"မြိုင်နှောင်းအတွက် လိုအပ်တာတွေပြင်ပေးနေလို့ပါ"

"နှောင်းကိုသေချာလေးနှစ်သိမ့်ပေးလိုက်အုံးနော်အစ်ကို နှောင်းကိုကြည့်ရတာ အားငယ်နေတဲ့ပုံပဲ"

"အင်းပါ အစ်ကိုသိတယ် မြိုင်လဲပြင်တော့လေ နောက်ကျနေမယ်"

"ဒါဆိုမြိုင်သွားပြီနော် ခနနေနှောင်းနဲ့တွေ့ရင် စိတ်မလှုပ်ရှားဖို့နဲ့ အားမငယ်ဖို့သေချာပြောလိုက်နော်အစ်ကို မြိုင်စိတ်ချမယ်"

နှင်းဆီစေလျှင်Where stories live. Discover now